Month: November 2020

အတူဆော့ဖော် မျောက်ကလေး ဓာတ်လိုက်နေတာကို ကယ်ရင်း သူ့အသက်ပါပေးလိုက်ရတဲ့ ဘဲလေး

အတူဆော့ဖော် မျောက်ကလေး ဓာတ်လိုက်နေတာကို ကယ်ရင်း သူ့အသက်ပါပေးလိုက်ရတဲ့ ဘဲလေး မင်္ဂလာပါ ပရိသတ်ကြီးရေ ဒီနေ့မှာတော့ ငယ်စဉ်ကတည်းက သံယောဇဉ်ဖြစ်ပြီး အတူဆော့နေကြတဲ့ မျောက်ကလေးနဲ့ ဘဲကလေးတို့ရဲ့ ရင်နင့်ဖွယ် အဆုံးသတ်သွားခဲ့တဲ့အကြောင်း ပဲဖြစ်ပါတယ်။ သံယောဇဉ်ဆိုတာက ကျွန်တော်တို့ လူသားတိုင်းတွင်သာမက တိရိစ္ဆာန် တွေမှာလည်း ရှိကြပါတယ်။ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ Online ပေါ်တွင် အမျိုးမျိုးသော တိရိစ္ဆာန်လေးတွေရဲ့ သံယောဇဉ် ကြီးမားပုံတွေလည်း တွေ့နေရပါတယ်။ အဲ့ဒီလိုထဲ မှာမှ ဒီတစ်ခါ ဖော်ပြ ပေးမှာကတော့ အရင်တုန်းကလို ပျော်ရွှင် ကြည်နူးဖို့ မကောင်းခဲ့ပါဘူး။ ငယ်ငယ် လေးနဲ့ ကံကြမ္မာဆိုးကို ရင်ဆိုင်လိုက်ရပြီး ပိုင်ရှင်နဲ့ ခွဲခွာ သွားခဲ့ကြတာပါ။ ဒီအ ရွယ်ဆိုတာ တိရိစ္ဆာန်မပြောနဲ့ လူတွေတောင် ဆော့ကောင်းတုန်း အရွယ်လေးတွေပါ။ ငယ်ငယ်လေ […]

မန္တလေးဆေးရုံ အရေးပေါ်ဌာနက ဆရာဝန်မလေး တယောက် ရေးတဲ့စာ

မန္တလေးဆေးရုံ အရေးပေါ်ဌာနက ဆရာဝန်မလေး တယောက် ရေးတဲ့စာ ဆေးပေါင်းခ/မခတော့မသိပါ။ ဆေးရုံမှာတော့ အပျော်ကျူးကြတဲ့ လူငယ်တွေအတော်ရောက်လာကြတယ်ဆိုပဲ.. တစ်ခုတော့သတိထားဖို့ကောင်းတယ်။ ကိုယ့်အပျော်ကြောင့် တဖက်သားရဲ့စေတနာကို မစော်ကားသင့်ပါ။ တန်ဆောင်မုန်းလပြည့်ည ဟာ ဆေးရုံမှာ လူနာတွေကို ပံ့သကူ ပစ်ကြတာလား အောက်မေ့ရ‌တယ် မန္တလေးဆေးရုံကြီး အရေးပေါ်ဌာနရဲ့ တန်ဆောင်မုန်း လပြည့်ညဟာ ပံ့သကူများနဲ့ ကိုယ့်ဆီမှာ လူနာများရင် ကျန်တဲ့ ဌာနတွေပါ ဆက်လက်များကြတော့မှာအပြင်မှာ ဘယ်လောက်စည်ကားလဲတော့ မသိဘူး။ ဆေးရုံမှာတော့ ခြေချစရာ နေရာမရှိကို ဖြစ်သွားတာ..။ ရုတ်တရက်မတော်တဆအရေးပေါ် ထိခိုက်တာတွေဆိုရင်တော့ မပြောလိုပါဘူး။ ယခုက လပြည့်ည ကို သောက်စား လမ်းပေါ်ထွက် ‌ရန်ဖြစ် ၊ ယာဉ်တိုက်မှု ဖြစ်တဲ့ လူငယ်တွေ တော်တော်များများ ရောက်လာတာကို စိတ်မကောင်းဖြစ်မိတယ်။ အစ်ကိုတွေနဲ့ အတူလိုက်သွားရင်း ရန်ဖြစ်ကြတော့ […]

ရန်ကုန်မှာ ဖမ်းမိထားတဲ့ စပါးအုံးမြွေတွေကို ပဲခူးရိုးမတောစပ်မှာ ပြန်လွှတ်လိုက်ပြီ

ရန်ကုန်မှာ ဖမ်းမိထားတဲ့ စပါးအုံးမြွေတွေကို ပဲခူးရိုးမတောစပ်မှာ ပြန်လွှတ်လိုက်ပြီ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ကယ်ဆယ်ထားပြီး ဘုန်းကြီးမှာထိန်းသိမ်းထားတဲ့ မြွေတချို့ကို ဒီနေ့ နေ့လည်ပိုင်းက ပဲခူးရိုးမတောအစပ်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီနေ့ လွှတ်ပေးခဲ့တဲ့ မြွေတွေကတော့ ရန်ကုန်တိုင်းက လူနေအိမ်တွေနဲ့ စက်ရုံတွေနားကနေ ကယ်ထားတဲ့ မြွေတွေဖြစ်ပြီး စပါးကြီးနဲ့ စပါးအုံးမြွေအမျိုးအစားတွေပါ။ အခုအချိန်မှာတော့ မီးသတ်ကကယ်ဆယ်ထားတဲ့ မြွေတွေကိုထားဖို့ သီးသန့်နေရာမရှိသေးတာကြောင့် မင်္ဂလာဒုံက စိတ္တသုခတပ်ဦးကျောင်းတိုက်မှာ ယာယီစောင့်ရှောက်ပေးထားပါတယ်။ ကယ်ဆယ်ခဲ့တဲ့ အဆိပ်ရှိမြွေတွေကိုတော့ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်မှာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေး အထူးအဖွဲ့က သိရပါတယ်။ ######################### ရန်ကုန်မှာ ဖမ်းမိထားတဲ့ စပါးအုံးမြွေတွေကို ပဲခူးရိုးမတောစပ်မှာ ပြန်လွှတ်လိုက်ပြီ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ကယ်ဆယ်ထားပြီး ဘုန်းကြီးမှာထိန်းသိမ်းထားတဲ့ မြွေတချို့ကို ဒီနေ့ နေ့လည်ပိုင်းက ပဲခူးရိုးမတောအစပ်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီနေ့ လွှတ်ပေးခဲ့တဲ့ မြွေတွေကတော့ […]

မြန်မာ့ရုပ်ရှင်ကို ငွေတစ်ရာနဲ့စတင်ခဲ့သူ (သို့) မြန်မာ့ရုပ်ရှင်ရဲ့ဖခင်

မြန်မာ့ရုပ်ရှင်ကို ငွေတစ်ရာနဲ့စတင်ခဲ့သူ (သို့) မြန်မာ့ရုပ်ရှင်ရဲ့ဖခင် ယနေ့ ရုပ်ရှင် လောကကို တချိန်က ငွေတစ်ရာနဲ့ စခဲ့ရတယ် ဆိုရင် ယုံချင်မှ ယုံကြမှာပါ။ တကယ်ပဲ ငွေတစ်ရာနဲ့ စခဲ့ရတာပါ ။ စတင် သူကတော့ မြန်မာပီပီ သျှောင်ထုံး အမြဲ ထုံးထား တတ်သူ လန်ဒန်အတ် ဦးအုန်းမောင် ဖြစ်သည်။ဦးအုန်းမောင်သည် သျှောင်ထုံးကြီးနှင့် ဖြစ်သော်လည်း အင်္ဂလိပ်စာတတ်သူ၊ ပန်းချီနှင့် ဓာတ်ပုံ အနုပ ညာကို ဝါသနာပါသူ ဖြစ်သည် ။ဒီ ၊ အေ ၊ အဟူဂျာ ဓာတ်ပုံတိုက်တွင် လခစား ဓာတ်ပုံဆရာ လုပ်ခဲ့သူ ဖြစ်သည်။ ယင်းသို့လုပ်ကိုင်ရာမှ တစ်နေ့တွင် ဦးအုန်းမောင် သည် လခစား ဓာတ်ပုံ ဆရာဘဝကို စွန့်လွှတ်လိုက် သည်။ […]

မနာကျင်ပဲ ခြေစွယ်ငုတ်သက်သာစေမယ့် နည်းလမ်း

မနာကျင်ပဲ ခြေစွယ်ငုတ်သက်သာစေမယ့် နည်းလမ်း ခြေစွယ်ငုတ်ခြင်းက ခံရခက်ပြီး ကုသလို့ အမြစ်မပြတ်ပဲ ပြန်ဖြစ်တတ်ပါတယ်။တစ်ချို့တွေဆို မျက်ရည်ကျသည်ထိ လှီးဖြတ်ပြစ်ကြပြီး ဆီချက်ပူ လောင်းထည့်တာမျိုးလည်း မြင်ဘူးပါတယ်နောက်တော့ ပြန်ဖြစ်တာပါပဲလေ။ခု ပြောပြမယ့်နည်းလေးက မနာမကျင်ပဲခြေသဲတစ်ဖြေးဖြေး ပြန့်လာပြီး နောက်ထပ် ခြေစွယ်မငုတ်တော့ပါဘူး။ ခြေသဲလေးကလည်း နူးညံ့ချောမွတ်ပြီး လှပလာပါလိမ့်မယ်နော်။ဆေးက အဝေးကြီး ရှာစရာမလိုတဲ့တွက် အားလုံးအလွယ်တကူ ပျောက် ကင်းသက်သာနိုင်ပါတယ်။အိမ်သုံးဆား ဟင်းအိုးထဲ ခတ်တဲ့ဆားပါ ။ဆားအနည်းငယ်ကိုခြေစွယ်ငုတ်နေတဲ့နေရာမှာပုံထားပေးပါ။ရေအနည်းငယ်ကို လက်ညိုးနဲ့ဆွတ်၍ တစ်စက်တည်း သာချပါ။ဆားပုံထားတဲ့ပေါ်မှာ ချရမှာ ဖြစ်ပါတယ်။ ဆားအရေပျော်ပြီး ဘေးကို စီးကျသွားရင် နဲနဲထပ်ပုံပါ။ ခဲခဲပုံပုံလေး ဖြစ်နေရင် ရပါပြီ။တစ်ခုခုနဲ့ မစည်းရပါဘူး။ပြည်တည်နေလျှင်လည်း မဖောက်ရပါဘူး။တစ်နေ့ကို ၅ကြိမ်လောက် ပုံပေးပါ။၃ရက်နေလျှင် ဆားပုံထားတဲ့နေရာက အရေခွံ ကွာကျ လာပါလိမ့်မယ်။မနာကျင်တော့တာကိုလည်း အံ့ဩစွာ တွေ့ရမှာပါ။ အရေခွံ ကို လက်သည်းညှပ်နဲ့ […]

စိတ်ရင်းကောင်းတဲ့ငါးရောင်းသူအမျိုးသမီးကြောင့်မိဘရင်ခွင်ပြန်ရောက်သွားတဲ့ ခြေရှည်တဲ့ကောင်မလေး

Zawgyi ဖြင့်ဖတ်ရန် စိတ်ရင်းကောင်းတဲ့ငါးရောင်းသူအမျိုးသမီးကြောင့်မိဘရင်ခွင်ပြန်ရောက်သွားတဲ့ ခြေရှည်ဲတဲ့ကောင်မလေး ဘုရားႀကီး၊နိုဝင္ဘာ ၃၀ ညောင်အင်းကနေ ငါးရောင်းပြီးပြန်လာတဲ့ဒေါ် …..တစ်ယောက်၊လာဂမို့တိုးဂိတ်နားက လမ်းဘေးမှာ ဆိုင်ကယ်တစ်စီးနဲ့ရွာလည်နေတဲ့ကလေးမလေးတစ်ယောက်ကိုတွေ့ပါတယ်။သူ့ကို တစ်ခါမှ ဒီအရပ်မှာမမြင်ဘူး။အသက်ကလည်း မသကာရှိမှ (၁၂)နှစ်ဝန်းကျင်။ရှေ့သွားမလို နောက်ပြန်မလိုနဲ့ ချီတုံချဖြစ်နေဟန်ကြောင့် သူမအနားသွားပြီးမေးလိုက်ပါတယ်။သမီး ဘယ်ကလာတာလဲ ဘုရားကြီးကတဲ့။ ဘယ်သွားမှာလဲ ဆိုတော့ ရေရေရာရာမဖြေနိုင်။ဒီတော့ သေခြာအောင်ထပ်မေးလိုက်တယ်ဘာဖြစ်လို့ထွက်လာတာလဲသမီး ဆိုတော့အဒေါ်ဆူလို့တဲ့။ခက်ပြီ ။ခုခေတ်ကလေးတွေကတော့။ဒေါ် ……… စဉ်းစားတယ်။ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး အတိုင်းလွှတ်ပေးလိုက်ရင်တော့ဒီကလေးမလေးအတွက် အန္တရာယ်ကလက်တစ်ကမ်းမှာ။အချိန်ကလည်း ညမိုးချုပ်စ။နေရာကလည်း မြို့အထွက်နား။လူကလည်းပြတ်။ကဲ, မထူးတော့ပါဘူး၊ အဒေါ့်အိမ်လိုက်ခဲ့ဆိုပြီး ဒေါ် ……… က လယ်ထဲကသူ့အိမ်ဆီ သူမကိုခေါိသွားပါတော့တယ်။ ဘုရားကြီးနယ်မြေရဲစခန်းက ရဲအုပ်တင်ဌေးနဲ့နယ်ထိန်းအဖွဲ့၊CCTV မှတ်တမ်းတွေပြန်ကြည့်ပြီး အလုပ်ရှုပ်နေကြပြီ။ဘုရားကြီးမြို့၊(၂)ရပ်ကွက်၊ဘူတာလမ်းက အသက်(၁၂)အရွယ်ကျောင်းသူလေးတစ်ဦး နေအိမ်ကနေဆိုင်ကယ်တစ်စီးနဲ့ဘယ်ပျောက်သွားမှန်းမသိတဲ့ကိစ္စ။ဟော, CCTV မှတ်တမ်းမှာ သူမကိုတွေ့ပါပြီ။အချိန်က ညနေ၅နာရီ၊၄၅မိနစ်မှာ ဘုရားကြီး DANKO ဆီဆိုင်မှာ ဆီဝင်ဖြည့်နေတဲ့ အဲ့ကောင်မလေး။နောက် အဲ့ဆီဆိုင်ကနေ […]

ရှားပါးစာရင်းဝင် ကြံ့သူတော် တကောင်ကို တနင်္သာရီတိုင်းတွင် တွေ့ရှိ

ရှားပါးစာရင်းဝင် ကြံ့သူတော် တကောင်ကို တနင်္သာရီတိုင်းတွင် တွေ့ရှိ တနင်္သာရီမြို့နယ်၊ အမှတ်(၉)ကျေးရွာအုပ်စုနားက ဖောင်ဆိပ်ချောင်းဖျားမှာ ရှားပါးမျိုးစိတ်ဝင် ကြံ့သူတော်တစ်ကောင် တောဝက်ကိုင်းမှာမိနေတာကြောင့် သစ်တောဦးစီးဌာနက ထိန်းသိမ်းပြီး ဆေးကုသပေးနေတယ်လို့ သစ်တောဦးစီးဌာနနဲ့ လွှတ်တော်ကိုယ်စားလှယ်ဆီက သိရပါတယ်။ အဲဒီကြံ့သူတော်ကို နိုဝင်ဘာလ(၂၀)ရက်က တွေ့ရှိခဲ့တာဖြစ်ပြီး သစ်တောဦးစီးဌာနကို အကြောင်းကြားချက်အရ နိုဝင်ဘာလ (၂၉) ရက်က သွားရောက်ကြည့်ရှုချိန် ခြေထောက်(ခွါ)ပုပ်နေတဲ့ ဒဏ်ရာရရှိထားတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ “ကိုင်း (ထောင်ချောက်) မိထားတာပေါ့။ သူတို့အကြောင်းကြားတော့ ကျွန်တော်တို့ သွားကြည့်တာ သူ(ကြံ့သူတော်) ခြေထောက်နာနေတော့ သယ်လို့မရဘူးဖြစ်နေတယ်။ သူ့အနာကို ကုရဦးမှာပေါ့။ ခြေထောက်မှာ ခွါအဆစ်က အသားရိပြီး ပုပ်သွားပြီပေါ့နော်။ မနက်ဖြန်ကို တိမွေးကုဆရာဝန်နဲ့ ခြေထောက်ကို အရိုးအဆစ်အထိဖြတ်ဖို့ ပြထားပါတယ်။”လို့ တနင်္သာရီမြို့နယ် သစ်တောဦးစီးမှူး ဦးအောင်သီဟဇော်က ပြောပါတယ်။ အဲဒီ […]

“ကိုဗစ် ဒုတိယလှိုင်း မှာ ကျွန်တော်တို့ ရှုံးသွားခဲ့ပါပြီ” ဆိုပြီး ရင်ဖွင့်လာတဲ့ ဒေါက်တာနန္ဒဝင်း

“ကိုဗစ် ဒုတိယလှိုင်း မှာ ကျွန်တော်တို့ ရှုံးသွားခဲ့ပါပြီ” ဆိုပြီး ရင်ဖွင့်လာတဲ့ ဒေါက်တာနန္ဒဝင်း” ကျွန်တော့်အမြင်ပြောရရင် COVID second wave မှာ ကျွန်တော်တို့ ရှုံးသွားခဲ့ပါပြီလူနေထူထပ်တဲ့မြို့ကြီးတွေ ဆက်တိုက်တိုးဖြစ်လာပါပြီ…လူသေနှုန်းတက်လာပါပြီ။A symptomatic carrier တွေအတွေ့များနေတာ အရမ်းခံသာလို့ပါ တကယ်တန်း COVID က သူတိုက်ရမယ့် သူကိုတွေ့ရင် လုံးဝ မညှာပါဘူး ဆေးလိပ် အရက် ကွမ်း မသောက်တဲ့ကျွန်တော့်အဆုတ်ကိုတောင် လေးရက်အတွင်း စုတ်ပျက်အောင်ဆော်နိုင်ပါတယ်။နိုင်ငံတော်က Ramedsivir Plasma CS2 Mucopenum dexa တွေအကုန်အကျခံထိုး D Dimer LDh AST LFT HBA1c urea creatinine CRP investigation တွေတန်းစီစစ် ပေါင်း သိန်းဆယ်ချီ အကုန်ကျခံကုပေးခဲ့ရပါလိမ့်မယ် (ကတောင်ကပါ့မလား) မမျှော်လင့်ခဲ့ပေမယ့် […]

ဝေဖန်မှုများထွက်ပေါ်လာပြီးနောက်ပိုင်း ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်

ဝေဖန်မှုများထွက်ပေါ်လာပြီးနောက်ပိုင်း ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်————————-နိုဝင်ဘာ ၃၀တန်ဆောင်လပြည့်နေ့ည(နိုဝင်ဘာလတွင်၂၉ရက်)တွင် ရန်ကုန်တက္ကသိုလ် ဝင်းအတွင်း လူစုလူဝေးဖြစ်ပေါ်မှုများကြောင့် ဆရာဝန်ကြီးအချို့ volunteer အဖြစ်ဆောင်ရွက် နေသူများနှင့်ပြည်သူများမှ ကျန်းမာရေးနှင့်ပက်သက်ပြီးစိုးရိမ်ရကြောင်း လူမှုကွန်ရက်စာမျက်နှာများ အပေါ်တွင် ပေါ်ထွက်လာပြီနောက် ရန်ကုန်တက္ကသိုလ် ဝင်းအတွင်းလူများဝင်ရောက်မှုကို ခွင့်မပြုတော့ကြာင်းသိရသည်။ ”ကမာရွတ်မြို့နယ်က stay home မြို့နယ်ထဲမှာပါလို့ပိတ်တာပါ။stay home ပြီးမှပြန်ဖွင့်မယ်လို့ သိရပါတယ်”ဟုတက္ကသိုလ်ဝင်းအဝ တွင်စေတနာ့ဝန်ထမ်းအဖြစ်ဆောင်ရွက်နေသူတစ်ဦးကဆိုသည်။ကမာရွတ်မြို့နယ်သည် ပိုးတွေ့လူနာအများဆုံးမြို့နယ်တစ်ခုဖြစ်သည်။ပညာရေးဝန်ကြီးဌာန အနေဖြင့် ရာပြည့်သဘင်ကို နိုင်ငံပိုင်မီဒီယာများမှသာ virtual celebration ဖြင့်ပြသသွား မည်ဖြစ်ပြီးနေအိမ်များမှသာ ရာပြည်အစီအစဉ်များကို အားပေးရန် အသိပေးထားသည်ကိုတွေ့ရသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင်ကိုဗစ်အတည်ပြု ပိုးတွေ့လူနာ၈၉၄၈၆ဦးရှိပြီး သေဆုံးခဲ့သူ၁၉၁၈ဦးရှိသည်။#MyanmaPlatform #News #DomesticPhoto – Ye Myo Khant / MPA ####################### ဝေဖန်မှုများထွက်ပေါ်လာပြီးနောက်ပိုင်း ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်————————-နိုဝင်ဘာ […]

ညာပြီး ခိုင်းစားခံနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အမြဲတမ်းချစ်တာ ခံချင်နေတဲ့ အစိုးရ

ကျန်းမာရေး ဝန်ထမ်း တွေကို အား နာကြပါဦး ဘာညာ ရေးနေကြလို့… အားမနာပါနဲ့ ဗျ သူ့အလုပ်သူ လုပ်နေကြတာ Be pro ပဲ သူတိူ့လည်း မလုပ်နိုင် ရပ်လိုက် လိမ့်မယ် အားနာ တယ် ဘာဖြစ်ညာဖြစ် မရှိဘူး လုပ်မနေနဲ့ အဓိက က ကိုယ့်အသက်ကိုယ် မွေးရမှာ အချို့က ထင်ယောင်မှားနေကြတယ်။ အိမ်မှာ နေနေတဲ့ သူတွေ လည်း ဝမ်းမနည်းနဲ့ ကိုယ့်အသက်ကိုယ်မွေးနေကြတာလေ။ ကျနော်လည်း ထွက်နေရတာပဲ။ အိမ်မှာ အလုပ် ရှိရင် ထွက်ရတာပဲ။ အပြင်ထွက်ပြီ ဆိုတာနဲ့ ကူးနိုင်တဲ့ Risk ရှိတာပဲ။ အဲ့ Risk ကို အိမ်ကမိသားစု စားဝတ်နေရေးအတွက် ယူမလား ဒါမှ မဟုတ် အပျော်အတွက် […]

Back To Top