Month: September 2021

သူမကိုမုန့်ဖို့တွေအမြဲတမ်းပေးဖို့အတွက် စကားလုံးလှလှလေးနဲ့ခင်ပွန်းဖြစ်သူကြွေသွားအောင် ချုပ်လိုက်တဲ့ ရဲနောင်ရဲ့ချစ်ဇနီးလေး

ပရိသတ်ကြီးရေ အဆိုတော် ရဲနောင်ကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေ ဂီတလောကသို့ ရောက်ရှိလာခဲ့သူတစ်ဦး ဖြစ်ပါတယ်နော်။ ချိုသာလွန်းတဲ့ အသံပိုင်ရှင်လေးဖြစ်တာကြောင့် မိန်းကလေးပရိသတ်တွေ အထူးနှစ်ခြိုက်အားပေးနေကြတာပါနော်။ ရဲနောင်ကတော့ ချစ်ရတဲ့ ဇနီးချောလေးနဲ့အတူ ပျော်စရာကောင်းတဲ့အိမ်ထောင်ရေးဘဝလေးကို ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်နော်။သူ့ရဲ့ ဇနီးချောလေးကလည်း အရမ်းချစ်ဖို့ကောင်းလွန်းပြီး အိမ်ထောင်ရှင်မကောင်း ပီသလွန်းတာကြောင့် ရဲနောင်တစ်ယောက် ကြည်နူးနေရပါတယ်နော်။ အခုမှာလည်း ခင်ပွန်းဖြစ်သူ အမြဲတမ်း မုန့်ဖိုးပေးဖို့အတွက် မှတ်သားဖွယ်ရာစာလေးတွေကို ရဲနောင်ကို Mention ခေါ်ပြီး ပြသထားတာ ဖြစ်ပါတယ်နော်။ ဒါကတော့ သူမကို အမြဲတမ်းမုန့်ဖိုးပေးရန်အတွက် ခင်ပွန်းဖြစ်သူအား စကားလုံးလှလှလေးတွေဖြင့် ပညာသားပါပါ အပီအပြင် ချုပ်လိုက်တာဖြစ်ပါတယ်နော်။” “ဇနီးဖြစ်သူကို မုန့်ဖိုးပေးပါ“သင့်ဇနီးဟာ ထက်မြတ်တဲ့ မိန်းမဖြစ်ရင်ဖြစ်မယ်အနေအေးတဲ့ မိန်းမဖြစ်ရင်ဖြစ်မယ်ငွေထွက်ရှာတဲ့ မိန်းမဖြစ်ရင်ဖြစ်မယ်သင့်ထက်ပင် ဝင်ငွေပိုကောင်းတဲ့ မိန်းမဖြစ်နိုင်တယ်ပျော်ပျော်နေတတ်တဲ့ မိန်းမ ဖြစ်ရင် ဖြစ်မယ်ရစ်တတ်တဲ့မိန်းမ ဖြစ်ရင်ဖြစ်မယ်မမလည်း […]

ဖခင်ကြီး (၂)လပြည့်အတွက် ရည်စူးပြီး ကောင်းမှုတွေပြုလုပ်ခဲ့တဲ့ လင်းအောင်ခေတ်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် မော်ဒယ်လ်မင်းသားချော လင်းအောင်ခေတ်ရဲ့ ဖခင်ကြီးကမကြာသေးခင်က ဆုံးပါးသွားတဲ့ သတင်းလေးကို ပရိသတ်တွေလည်း ကြားသိပြီးသားဖြစ်မယ်ထင်ပါတယ်။ လင်းအောင်ခေတ်ရဲ့ ဖခင်ကြီးကတော့ ဒီနေ့မှာ ကွယ်လွန်သွားတာ (၂)လပြည့်မြောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ လင်းအောင်ခေတ်ကတော့ ဖခင်ကြီးရှိစဉ်ကတည်းက ဖခင်ကို သိတတ်လိမ္မာတဲ့ သားတစ်ယောက်ဖြစ်ပြီး ဖခင်ကြီး ကွယ်လွန်ခဲ့တဲ့ နောက်မှာလည်း ဖခင်အတွက် ရည်ရွယ်ပြီးအလှူအတန်းတွေ တတ်နိုင်သလောက်ပြုလုပ်ပေးနေခဲ့ပါတယ်။ ဒီနေ့ ဖခင်ကြီး ကွယ်လွန်တာ (၂)လပြည့်မြောက်တဲ့ ရက်မှာလည်း ဖခင်ကြီးအတွက်ရည်စူးပြီး ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးခဲ့ပါတယ်။ ဖခင်ကြီး (၂)လပြည့်အတွက် ရည်စူးပြီးကောင်းမှုကုသိုလ်တွေပြုလုပ်ပေးဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း လင်းအောင်ခေတ်က သူရဲ့ My Day လေးကနေ အမှတ်တရမနေနဲ့ တင်ထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ လင်းအောင်ခေတ်ရဲ့ဖခင်ကြီးအတွက် ရည်စူးပြီး ပြုလုပ်တဲ့ကောင်းမှုလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။ Source – Lin Aung Khit -Zawgyi Font […]

ဒူးနာအတွက် အစွမ်းထက်တဲ့ သဘာဝဆေးနည်းများ

ဒူးနာ၍ ဆေးခန်းပြသော်လည်း မသက်သာပဲ သဘာဝဆေးနည်းများကိုတောင်းဆိုလာသူများအတွက် ဒူးနာဆေးနည်းများကို စုစည်း၍ မျှဝေပေးလိုက်ပါတယ်။ (၁) လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာအရောဂါများအတွက်ဖီးကြမ်းငှက်ပျောသီးအမှည့်ကိုဖင်ဖြတ် ခေါင်းဖြတ်၍သက်ရင်းကြီးရွက်နှင့်လုံအောင်လိပ်ကာ ( ၅ ) နာရီခန့် ပြုတ်၍တစ်နေ့သုံးလုံးစီ( ၅ ) ရက်ဆက်တိုက်စားပေးပါက လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာနာတာရှည်ရောဂါများ ပျောက်ကင်းပါသည်။ပြုလုပ်ပုံလွယ်ကူ၍ အကုန်အကျနည်းကာအစွမ်းထက် သက်စောင့်ဆေးအားမှီဝဲကြပါကုန် ။ (ဝိစိတ္တရတနာမြေ) (၂) ငါးကြင်းခေါင်းကို မကြာခဏ ဟင်းချက်စားခြင်းဖြင့် ဒူးနာရောဂါ၊ ဒူးခေါင်းကျီးပေါင်းရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း ရှေးကဆေးကျမ်းများတွင် ဖတ်ရှုရ၍ လက်တွေ့စမ်းကြည့်ရာ ဒူးထဲမှ ကုန်ခမ်းနေသော ရိုးတွင်းချဉ်ဆီများ အားပြန်လည်ပြည့်၀လာ၍ တကယ်ပျောက်ကင်းခဲ့သည်။ (တိုင်းရင်းဆေးဆရာကြီး ဦးကြည်မြင့်လွင်) (၃) ဆေးရုံ ၃လလောက်တက်ခဲ့ရတဲ့ အသိတစ်ယောက် ဒီနည်းနဲ့ပျောက်သွားတယ်။ ၃ ပတ်လောက် ဒူးနာနေတဲ့ […]

ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးမှာ ကောင်းမှု ကုသိုလ်များစွာ ပြုလုပ်ရင်း (၇) ရက်သားသမီး ပြည်သူများ အတွက် မေတ္တာပို့ ဆုတောင်းခြင်းတွေ ပြုလုပ်ခဲ့တဲ့ ရွှေပိုးအိမ်

ရွှေပိုးအိမ်ကတော့ အနုပညာနယ်ပယ်ထဲကို ဟိုးအရင်ကတည်းက ဝင်ရောက်လာခဲ့ပြီး ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးလေးဖြစ်ပါတယ်။သူမက တော့ ဇာတ်ကားများစွာမှာ ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်ပြီး ဇာတ်ရုပ်အမျိုးမျိုးနဲ့ ကြည့်ရှုသူ ပရိသတ်တွေကို ဇာတ်ကားအဆုံးထိ မျောပါသွားအောင် ဆွဲခေါ်သွားနိုင်တဲ့ Acting ကောင်းတဲ့ မင်းသမီးဖြစ်ပါတယ်။ ရွှေပိုးအိမ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကိုဆိုရင်လည်း ပရိသတ်တွေက အားပေးကြည့်ရှုကြပြီး သူမရဲ့ ပိုင်နိုင်တိကျတဲ့ သရုပ်ဆောင်တွေကြောင့် ပရိသတ်ကြီးက ဇာတ်ကားထဲ စီးမျောပါသွားရပါတယ်နော်။ရွှေပိုးအိမ်က ပြည့်ပြည့်ဖောင်းဖောင်းလေး နဲ့ချစ်စရာကောင်းတဲ့ ပုံလေးကြောင့် လူချစ်လူခင်ပေါများကာပရိသတ်တွေ ချစ်ခင်ကြတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကောင်းမှု ကုသိုလ်နဲ့ အလှူအတန်းတွေကိုလည်း အမြဲ ပြုလုပ်လေ့ရှိရာ အခုလည်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကို သွားရောက်ဖူးမြှော်ရင်း (၇) ရက်သားသမီး ပြည်သူများအတွက် ဆုတောင်းပေးခြင်းတွေ ပြုလုပ်ခဲ့ပါတယ် ။ ” ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကို သွားရောက်ဖူးမြှော်ရင်း အားလုံးကိုယ်စား […]

သရုပ်ဆောင် ပိုင်တံခွန် အား ဆက်လက် အမှုစစ်ဆေးရန်အတွက် ထပ်မံ ရွှေ့ဆိုင်းခံရ

နိုင်ငံတော် အကြည်ညို ပျက်စေမှု ၅၀၅ (က) ဖြင့် အချုပ်ကျ တရားရင်ဆိုင်နေရသည့် မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် အား ဆက်လက် အမှုစစ်ဆေးရန်အတွက် ထပ်မံ ရွှေ့ဆိုင်းခံရသည့်အတွက် ကြန့်ကြာမှုများ ရှိနေကြောင်း သိရသည် ယခင် သတ်မှတ်ထားသည့် ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်စစ်ဆေးသွားမည့် အစီအစဉ်သည် အင်းစိန်ထောင်တွင်း ကိုဗစ်တတိယလှိုင်း မြင့်တက်ခဲ့သည့်အတွက် အမှုစစ်ဆေးမှုများ ရပ်ဆိုင်းလိုက်ခြင်းကြောင့် ပျက်ပြားသွားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်အဆိုပါ အမှုအတွက် မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးကို ပြန်ထိုင်ရမည် ဖြစ်ကြောင်း ပိုင်တံခွန်၏ ရှေ့နေ ဖြစ်သူ ဥပဒေ အကြံပေး ဦးခင်မောင်မြင့်က ပြောသည် ဦးခင်မောင်မြင့်က ပထမဆုံးအနေနဲ့ မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေး ပြန်ထိုင်ရမှာပေါ့။ အရင်တုန်းက စစ်ခဲ့တဲ့ ဘယ်နေ့မှာ ဘယ်သက်သေကို […]

မိခင်ကြီးနဲ့ အတူ မိဘမဲ့ ပရဟိတကျောင်း တိုက်မှာ အလှူ အတန်းများစွာ ပြုလုပ်ခဲ့တဲ့ နေဒွေး

မိခင်ကြီးနဲ့ အတူ မိဘမဲ့ ပရဟိတကျောင်း တိုက်မှာ အလှူ အတန်းများစွာ ပြုလုပ်ခဲ့တဲ့ နေဒွေး မင်းသားချောနေဒွေးကတော့အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်းနဲ့သူ့ရဲ့ကိုယ် ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကိုလည်းလုပ်ကိုင်နေတာ ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါနော်နေဒွေးကသူ့ရဲ့ကိုယ် ပိုင်စီးပွားရေးလုပ်ငန်းလေးဖြစ်တဲ့ ကျန်းမာရေးဆန်အရောင်းအဝယ်လုပ်ငန်းလေးက လက်ရှိမှာဆို တော်တော်လေးကို အောင်မြင်နေခဲ့ပါပြီ ဒါ့အပြင် အလှူအတန်းနဲ့ ပတ်သက်လာရင်လည်းလက်မနှေးတဲ့နေဒွေးကနေ့စဉ်တိုင်းလိုလို လိုအပ်တဲ့နေရာများကို သွား ရောက်ကာသူကိုယ်တိုင်ရောင်းချလျက်ရှိနေတဲ့ဆန်များကိုလှူဒါန်းခဲ့သလို မိတ်ဆွေသူငယ်ချင်းများနဲ့လည်း စုပေါင်းကာ အလှူငွေများ ၊လိုအပ်တဲ့ အစား အသောက်များကိုလှူဒါန်းလျက်ရှိတာကို လေးစားစွာတွေ့မြင်ရပါတယ် အခုလည်း ချစ်ရတဲ့ မေမေနဲ့ အတူ မိုးမခရေလည် မိဘမဲ့ပရဟိတကျောင်းတိုက် မှာအလှူအတန်းများစွာ ပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။ဆန်များနဲ့ အလှူငွေများကိုကိုယ်တိုင်ကပ်လှူခဲ့တဲ့ ပုံရိပ်တွေကိုလည်းဝေမျှထားပါတယ်။နေဒွေးကတော့အရင်ရက်ပိုင်းတွေကလည်းခက်ခဲနေတဲ့အိမ်ထောင်စုတွေဆီကိုသွား ရောက်ကာစားသောက်ကုန်များလှူဒါန်းခဲ့ပါသေးတယ်ပရိသတ်ကြီးအတွက်နေဒွေးရဲ့အလှူပုံရိပ်တွေကိုဝေမျှပေးရင်းဒီထက်မကလှူနိုင်ပါစေဆုတောင်းပေးလိုက်ပါတယ် Credit

သံဃာတော်များနဲ့ ဆွမ်းခံ လိုက်ပေးကာ ကုသိုလ်ကောင်းမှုပြုရင်း အလှူအတန်းများပါ ပြုလုပ်ခဲ့တဲ့ ရဲလေးမ

သရုပ်ဆောင်ရဲလေးမကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ ပြည်သူချစ် အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပါဝင်သရုပ်ဆောင်တဲ့ဇာတ်ကားတိုင်းကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေတဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရဲလေးမကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်သူတစ်ယောက်ပါ ။ ဒါ့အပြင် မိဘနှစ်ပါးကို ကိုယ်တိုင်အလုပ်လုပ်ပြီး ရှာဖွေကျွေးမွေးလျက်ရှိနေတဲ့ ရဲလေးမကတော့ ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေပြီး ပရိသတ်တွေရဲ့ ချီးကျူးမှုကိုလည်း ရရှိထားသူတစ်ယောက်ပဲဖြစ်ပါတယ်။ မကြာခဏဆိုသလို ကောင်းမှု ကုသိုလ်တွေနဲ့ အလှူအတန်းတွေကိုလည်း အမြဲ ပြုလုပ်လေ့ရှိပါတယ် ။ အခုလည်း မြစ်ချေမြို့ ရွှေပင်ပျို ကျောင်းမှာ မုန့်ဟင်းခါးများ ဆွမ်းကပ် လှူဒါန်းရင်း သံဃာများနဲ့ ဆွမ်းလိုက်ခံပြီး ကုသိုလ်ယူခဲ့ကြောင်းကို ” မြစ်ချေမြို့ရွှေပင်ပျိုကျောင်းမှာမုန့်ဟင်းခါးဆွမ်းလေးလှူပြီးကျောင်းရှိ သံဃာများနဲ့ဆွမ်းလိုက်ခံပြီး ကုသိုလ်ယူခဲ့ပါတယ်မသေချတဲ့လူ့ဘဝမှာသေချာတာတစ်ခု့ကဉာဏ်ဦးအောင်ကုသိလ်ပြုတယ်ခုဘဝရောနောင်ဘဝပါအကျိုးဆက်လိုက်ပါတယ်အဲ့တော့ကုသိုလ်ပဲယူမယ်အားလုံးအပေါ်ချစ်တယ် ” ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။ Yuan […]

Live Sale ရောင်းချပေးရာကနေရရှိတဲ့ အနုပညာကြေးတွေအားလုံး မိခင်ကြီးကို ကန်တော့ခဲ့တဲ့ နေဒွေး

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားချောနေဒွေးကတော့ လက်ရှိမှာ ကိုယ်ပိုင်စီးပွားရေးနဲ့အတူ အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်ပြီး မိခင်ကြီးကို လုပ်ကိုင်ကျွေးမွေးနေခဲ့ပါတယ်။ မိခင်ကြီးကိုလိုလေသေးမရှိ ပြည့်စုံအောင်ထားပြီး မိခင်ကြီးအားကိုးရတဲ့ သားလိမ္မာတစ်ယောက်လည်းဖြစ်ပါတယ်။ လတ်တလောမှာလည်း နေဒွေးက Live Sale ရောင်းချရာကနေရရှိတဲ့ အနုပညာကြေးတွေအားလုံးကို မသုံးမစွဲဘဲ မိခင်ကြီးကို အကုန်အပ်ခဲ့ပါသေးတယ်။ နေဒွေးက အစကတော့ လုပ်အားခအနုပညာကြေးတွေကို အသစ်ထွက်ရှိတဲ့ Iphone (13)ဝယ်ယူဖို့ရည်ရွယ်ထားခဲ့ပေမဲ့လည်း မိခင်ကြီး လှူဒါန်းချင်တာတွေ စိတ်ကြိုက်လှူဒါန်းလို့ရအောင် မိခင်ကြီးကို အကုန်ကန်တော့ခဲ့ပါတယ်တဲ့။ ပရိသတ်ကြီးရေ နေဒွေးကတော့ အလုပ်ကိစ္စတွေနဲ့ ခရီးတွေထွက်ရရင်တောင်မိခင်ကြီးကို အပါခေါ်တဲ့သားလိမ္မာလေးဖြစ်ပြီး နေဒွေးလို သားလိမ္မာလေးရရှိထားတဲ့ နေဒွေးရဲ့ မေမေကတော့ ကြည်နူးပီတိဖြစ်နေရမှာ အသေအချာပါပဲနော်။ Source – Nay Dway -Zawgyi Font ဖြင့် ဖတ်ရန်- Live Sale […]

သခင်က အိမ်နီးချင်းတွေအတွက် ၎င်းတို့ပစ္စည်းကိုပြန်လာရွေးယူနိုင်ဖို့ ဆိုင်းဘုတ်တပ်ကြေငြာရတဲ့အထိ အခိုးကျွမ်းတဲ့ ကြောင်လေး

အမေရိကန် Oregon ပြည်နယ်ရှိ Beaverton မြို့မှာ နာမည်ဆိုးနှင့်ကျော်ကြားတဲ့ကြောင်သူခိုးတစ်ကောင်ရှိပြီး သူမရဲ့နာမည်မှာ Esme ဖြစ်ပါတယ်။ Esme ဟာ အိမ်နီးချင်းများရဲ့ကားဂိုဒေါင်များထဲမှ လက်အိတ်နှင့် မျက်နှာဖုံးကဲ့သို့သောသေးငယ်တဲ့ပစ္စည်းတွေကိုခိုးယူတတ်ပြီး လက်ဆောင်ပစ္စည်းအဖြစ် Kate Felmet အမည်ရှိသူမရဲ့သခင်အတွက် အိမ်သို့ယူဆောင်လာပေးလေ့ရှိပါတယ်။ သခင်ဖြစ်သူ Felmet ဟာ Esme ရဲ့ရည်ရွယ်ချက်ကိုတန်ဖိုးထားပေမဲ့ ခိုးယူနေတာကမကောင်းမှန်းသိတာကြောင့် Felmet ဟာ သူမရဲ့ကြောင်လေး Esme က အိမ်နီးချင်းတွေထံမှပစ္စည်းများလိုက်ခိုးနေတဲ့သူခိုးအဖြစ်ဖော်ထုတ်ပြသရန်ဆုံးဖြတ်လိုက်ပြီး Esme ခိုးလာတဲ့ပစ္စည်းများကို လမ်းဘေးတစ်နေရာမှာ ကြိုးတန်းဖြင့်ချိတ်ဆွဲကာ ပျောက်ဆုံးနေတဲ့၎င်းတို့ရဲ့ပစ္စည်းများအားပြန်လာယူဖို့အတွက် အိမ်နီးချင်းများကိုလည်းဖိတ်ခေါ်စာပြထားခဲ့ပါတယ်။ သခင်ဖြစ်သူ Felmet က သူမအိမ်ရဲ့ မျက်နှာချင်းဆိုင်လမ်းဘေးတစ်နေရာရှိမြက်ခင်းစိမ်းပေါ်မှာ ဆိုင်းဘုတ်ထောင်ကာ ၎င်းပေါ်မှာ “ ကျွန်မကြောင်က သူခိုးပါ ၊ ဒီပစ္စည်းတွေထဲမှ သင့်ပစ္စည်းပါနေခဲ့ရင် ကျေးဇူးပြု၍ ပြန်လာရွေးပေးကြပါ ” ဆိုပြီး Esme […]

သရုပ်ဆောင်အိန္ဒြာကျော်ဇင် နှင့် ပိုင်ဖြိုးသုတုိ့အတွက် ဆုတောင်းပေးလိုက်တဲ့ အကယ်ဒမီ ဖွေးဖွေး

WhatHappenedToTheWolfရုပ်ရှင်ကားကိုဂျာမဏီနိုင်ငံမှOldenburgInternationalFilmFestival တွင်OfficialCompetitationအတွက်ရွေးချယ်ခြင်းခံထားရပြီးWorldPremiereအဖြစ်ပြသသွားပါမည်။ OldenburgInternationalFilmFestival ကိုOldenburgမြို့တွင်စက်တင်ဘာလ၁၅ရက်နေ့မှ ၁၉ရက်နေ့ထိကျင်းပသွားမည်ဖြစ်ပါသည်၊ဤသတင်းကောင်းနှင့်အတူWhatHappenedToTheWolf၏Official Teaserကိုတင်ပြလိုက်ပါသည်။ အကယ်ဒမီဖွေးဖွေးကလဲသရုပ်ဆောင်အိန္ဒြာကျော်ဇင်နှင့်ပိုင်ဖြိုးသုအတွက်အခုလိုဆုတောင်းပေးလိုက်တာပဲဖြစ်ပါတယ်နော်။ ဖွေးဖွေးကဂုဏ်ယူပါတယ်၊တနေ့နေ့ဘေးကင်းလုံခြုံစွာအိမ်ပြန်ကြရပါစေ၊မအူဝဲ၊ကိုဏကြီး၊သုသုဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်ထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ celethatin Crd

Back To Top