ဘောလုံးပွဲကို အမှန်အကန်အားပေးနေကြတဲ့ အောင်သူတို့ သားအဖ

မြန်မာဘောလုံးချစ်ပရိသတ်ကြီးရဲ့ အားပေးမှု အခိုင်အမာ ရရှိထားတဲ့ ဘောလုံးမင်းသားအောင်သူကတော့ လက်ရှိအချိန်မှာ မိသားစုကို အပြည့်အဝအချိန်ပေးပြီး ပရိသတ်တွေ အားကျအောင်လုပ်နေတဲ့ ဘောလုံးသမားတယောက်လည်း ဖြစ်ပါတယ်။ အောင်သူကတော့ မင်းသမီးချောလေး ပိုးအိအိခန့်နဲ့ ရွှေလက်တွဲထားပြီး လက်ရှိမှာ ချစ်စရာကောင်းတဲ့ သားလေး တယောက်ကိုလည်း ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ အောင်သူကတော့ ဘောလုံးကွင်းထဲမှာလည်း ခြေစွမ်းတောက်ပတဲ့ ကစားသမား ဖြစ်သလို ဘောလုံးကွင်းပြင်မှာလည်း မိသားစုအတွက် အားကိုးရတဲ့ အိမ်ထောင်ရှင်ကောင်း တယောက်လည်း ဖြစ်ပါတယ်။ အောင်သူကတော့ သူ့ရဲ့မိသားစုအတွက် သူဘောလုံးပွဲတွေ မရှိတဲ့ အချိန်မှာ အပြည့်အဝအချိန်ပေးထားကာ သားလေးနဲ့လည်း အင်မတန်တည့်တဲ့ ဖခင် တယောက်ဖြစ်ပါတယ်။လက်ရှိမှာလည်း ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွေလာနေတဲ့ အချိန်မှာတော့ အောင်သူနဲ့ သူ့ရဲ့ သားလေးတို့ ဘောလုံးပွဲကို အမှန်အကန် အားပေးနေတဲ့ ပုံရိပ်လေးကိုတော့ ပိုးအိအိခန့်ကတင်ထားတာ ဖြစ်ပါတယ်။ အောင်သူရဲ့ […]

နိုင်ငံ့ပုံရိပ် ကိုအဖတ်ဆယ်နိုင် ဖို့အားလုံးကို မေတ္တာရပ်ခံ အကူညီတောင်း လိုက်တဲ့ ဇဏ်ခီ

Zawgyi Font ဖြင့်ဖတ်ရန် နိုင်ငံ့ပုံရိပ် ကိုအဖတ်ဆယ်နိုင် ဖို့အားလုံးကို မေတ္တာရပ်ခံ အကူညီတောင်း လိုက်တဲ့ ဇဏ်ခီ သရုပ်ဆောင် ဇဏ်ခီကတော့ ယဉ်ကျေးခြင်းဖြင့် နိုင်ငံ့ပုံရိပ်ကို တစ်ဖက်တစ်လှမ်းက ကူညီပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။ဇဏ်ခီဟာ မြန်မာ့ရုပ်ရှင်လောကရဲ့ အချိုးအကွေ့ကို ဖန်တီးပုံဖော်နိုင်ခဲ့ပြီး မြန်မာ့ရုပ်ရှင်လောက တိုးတက်အောင် တစ်ထောင့်တစ်နေရာကနေ ပါဝင်လျက်ရှိနေပါတယ်။ သူတို့ဖန်တီးပုံဖော်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား တွေဟာ ဝင်ငွေ သိန်းပေါင်း သောင်းချီရှိခဲ့ပြီးတော့ နိုင်ငံတော်အတွက် ဖွံ့ဖြိုးတိုးတက်အောင် အခွန်တွေကို ဆောင်ခဲ့ကြောင်း မကြာသေးခင်က ပြုလုပ်တဲ့ Fan Meeting မှာတရားဝင်ကြေငြာခဲ့ပါတယ်။ နောက်ဆုံးရိုက်ကူးခဲ့တဲ့ ထာဝရနှောင်ကြိုးဇာတ်ကားကနေလည်း သိန်းပေါင်း ၂၄၀၀၀ ရရှိခဲ့ပြီးတော့ အခွန် သိန်းပေါင်း ၁၁၀၀ ဆောင်သွားမယ်လို့ သိရှိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံဟာ ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုကို ရင်ဆိုင်နေရပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ […]

ကိုယ်မလှူနိုင်ပေမယ့်လည်း အလှူရှင်ထံများ ရောက်ရှိစေရန် လက်ဆင့်ကမ်း Share ပေးကြပါ

၂ နှစ်အရွယ် သမီးငယ်လေး နန်းမွေးစိန် ရဲ့ မျက်စိ ရောဂါ ကုသ ဖို့ အကူအညီ တောင်းခံ ပါတယ် ခင်ဗျာ ။ ဒီသမီးလေး အမည်က နန်းမွေးစိန် အသက်က ၂ နှစ် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ မြို့နယ် ပုံဝိုး ရွာကပါ လွန်ခဲ့တဲ့ နှစ်လ လောက်က မျက်လုးံနာ ပြီး အဖုလေး ထွက်လာတာကနေ အခု ပုံအတိုင်းဖြစ်လာတာပါ မိဘ များက တောင်ယာခုတ် လက်လုပ်လက်စားတွေမို့ ရှိတဲ့ငွေလေးနဲ့ ရွာမှာကုနေရာကနေ မပြောက်တော့ ကျောက်မဲ ဆေးရုံတက်ဖို့လာရင်း ကျောက်မဲကပရဟိတ အဖွဲ့တွေကနေ မန္တလေးဆေးရုံတက်ဖို့ စီစဉ်ပေးပြီး မနက်ဖြန် ၁၈ရက်နေ့မှာ ကျောက်မဲ က ပရဟိတ အဖွဲ့တွေကါးနဲ့ မန္တလေး ကို […]

သေဆုံးချိန်မှာ သမ္မတကိုယ်တိုင် အခေါင်းကို ထမ်းပေးတဲ့အထိ လေးစားရတဲ့ ပရဟိတ သူရဲကောင်း

Zawgyi Font ဖြင့်ဖတ်ရန် သေဆုံးချိန်မှာ သမ္မတကိုယ်တိုင် အခေါင်းကို ထမ်းပေးတဲ့အထိ လေးစားရတဲ့ ပရဟိတ သူရဲကောင်းကြီး ပရဟိတ ဆာမူရိုင်း ဆိုတဲ့ နာမည်နဲ့ ဒေါက်တာနာကာမူရာ အကြောင်းကို ကျွန်တော် ဆောင်းပါးရေးဖူးတယ်။ဆယ်စုနှစ်ပေါင်းများစွာ ဓားသံ သေနတ်သံတွေကြား လူ့အသက်ကယ်ရုံတင်မကဘူး၊ ပညာရေး၊ ဖွံ့ဖြိုးရေးကိုပါ ကူညီနေတဲ့ ဂျပန်ကြီးပါ။ အာဖဂနစ္စတန်နိုင်ငံမှာ တာလီဘန်တွေ သောင်းကျန်းနေကတည်းက ဝင်ပြီး တောနေပြည်သူတွေရဲ့ ကျန်းမာရေး ဖွံ့ဖြိုးရေးအတွက် ကူညီနေတာ။အာဖဂန်အစိုးရက ပေးတဲ့ သူရဲကောင်းဆုလည်း ရထားတယ်။ နိုဘယ်ဆုလည်း ရမယ် တစ်ပြေးနေတာ။ ဘယ်ဆုကိုမှ ဂရုမစိုက်ဘူး။အမေရိကန်ဗုံးကြဲလည်း သူကတော့ ဆေးကုမပျက်ဘူး။ တာလီဘန်က သေနတ်နဲ့ထောက်လည်း ဒေသခံတွေအတွက် အစေခံမှုကို နောက်မဆုတ်ဘူး။ သူယုံကြည်ရာအတွက် အလုပ်လုပ်ပေးနေခဲ့တာ။ တစ်နေ့က သူ သေနတ်နဲ့ ပစ်ခံရလို့ ဆုံးသွားပြီတဲ့။ […]

မူးလဲလို့ အရေးပေါ် ဆေးကုသမှု ခံယူနေရတဲ့ ဝေဠုကျော်

Zawgyi Font ဖြင့်ဖတ်ရန် မူးလဲလို့ အရေးပေါ် ဆေးကုသမှု ခံယူနေရတဲ့ ဝေဠုကျော် ပြည်သူတွေအတွက်ဆို အမြဲတမ်းအဆင်သင့် ရှိနေခဲ့တဲ့ ပရဟိတမင်းသား ဝေဠုကျော်ကတော့ လက်ရှိမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ပရဟိတမင်းသား ဝေဠုကျော်က အစာအိမ်အောင့်ပြီး အားပျက်ကာ မူးလဲသွားတဲ့အတွက် အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ အရင်က အစားအိမ် သွေးကြော ပေါက်ဖူးခဲ့တဲ့ ဝေဠုကျော်ဟာ အစားအသောက်မမှန်တာကြောင့် ဆေးကုသမှု ခဏခဏ ခံယူခဲ့ရဖူးပါတယ်။ ယခုလည်း ရုတ်တရက်ဆိုသလို မူးလဲတာကြောင့် အရေးပေါ် ဆေးရုံတင်လိုက်ရတယ်လို့ ထိုင်းမြန်မာအခြေစိုက် အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့က ရဲမင်းက ဆိုပါတယ်။“WLK”ဖောင်ဒေးရှင်းရဲ့ဦးဆောင်သူ ကိုဝေဠုကျော် ယနေ့ အစာအိမ်အောင့်ပြီး အားပျက်မူးလဲသွားရာ အရေးပေါ်ဆင်းရုံတင်လိုက်ရပါတယ်၊ဆရာဝန်များက လိုအပ်သည့်ဆေးများချက်ချင်း သွင်းပေးပြီး ယခုလက်ရှိ အထူးကုအခန်းမှာ စောင့်ကြည့်ကုသပေးနေပါကြောင်း စိတ်ပူနေ […]

အစာအိမ်အောင့်ပြီး မူးလဲသွားတာကြောင့် ဆေးရုံတင်လိုက်ရတဲ့ ဝေဠုကျော်

ပရိသတ် အချစ်တော် ပရဟိတမင်းသားကြီး ဝေဠုကျော် ကိုတော့ တော်တော်များများလည်း သိပြီးသား ဖြစ်သလို မင်းသားကြီးရဲ့ ပရဟိတ စိတ်အားထက်သန်မှုကြောင့်လည်း ပရိသတ်တွေကတော့ လေးစားအားကျနေကြတာ ဖြစ်ပါတယ်။ မင်းသားဝေဠုကျော် ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက်ကတည်းကကို ရုပ်ရှင်ကားတွေအဆက်မပြတ် ရိုက်ခဲ့ရပြီး လက်ရှိမှာတော့ အနုပညာလုပ်တာတွေ အနည်းငယ်ကြဲ သွားပြီပဲ ဖြစ်ပါတယ်။ ပရဟိတကိုပဲ တစောက်ချလုပ်ကိုင်နေတဲ့ မင်းသား ဝေဠုကျော်ကတော့ လက်ရှိချိန်မှာ ကျန်းမာရေးအခြေတခုနဲ့ ရင်ဆိုင်နေရပြီး ဆေးရုံပါတက်နေရတာ ဖြစ်ပါတယ်။ ဝေဠုကျော် အရေးပေါ်ဆေးရုံတင်နေရတဲ့ အကြောင်းကိုတော့ နီးစပ်သူတယောက်က ဖေ့ဘုတ်တင်ထားပြီး ပရိသတ်တွေကို အသိပေးထားတာ ဖြစ်ပါတယ်။ “WLK ဖောင်ဒေးရှင်းရဲ့ဦးဆောင်သူ ကိုဝေဠုကျော် ယနေ့ အစာအိမ်အောင့်ပြီး အားပျက်မူးလဲသွားရာ အရေးပေါ်ဆင်းရုံတင်လိုက်ရပါတယ်၊ ဆရာဝန်များက လိုအပ်သည့်ဆေးများချက်ချင်း သွင်းပေးပြီး ယခုလက်ရှိအထူးကုအခန်းမှာ စောင့်ကြည့်ကုသပေးနေပါကြောင်း စိတ်ပူနေကြသော […]

ရှုတင်အဝတ်အစားတွေတောင်မလဲဘဲ အမေစုအားပေးထောက်ခံပွဲသွားခဲ့တဲ့ သုသု

ညီညီမောင်(စမ်းချောင်း) ဟာဆိုရင် ချစ်စရာကောင်းပြီး ဖော်ရွေတဲ့ လူမှုဆက်ဆံရေးကောင်းလွန်းတဲ့မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်ပါတယ်။ သုသုက မကြာသေးမီက မထက်တို့ လင်းလင်းတို့နဲ့အတူ ရုပ်ရှင်ကားကြီးရိုက်ထားပြီး ပရိသတ်အားပေးမှုတွေများစွာရထားသူလည်းဖြစ်ပါတယ်။ သုသုနဲ့အတူ ရုပ်ရှင်ရိုက်ရတာနှစ်သက်တဲ့ လုပ်ဖော်ကိုင်ဖက်အနုပညာရှင်တွေလည်းများစွာရှိနေသလို သုသုကိုနောက်ထပ်ရုပ်ရှင်တွေအများကြီးရိုက်စေချင်တယ်ဆိုတဲ့ ပရိသတ်တွေလည်းတော်တော်များများရှိနေပါတယ်။ သုသုက သူမရဲ့ လူမှူကွန်ယက်ပေါ်မှာ အနုပညာလှူပ်ရှားမှူတွေနဲ့ ဟာသ videoအတိုလေးတွေကို တင်ပေးလေ့ရှိပြီးသုသုရဲ့ ဟာသ video လေးတွေကလည်း ပရိသတ်အားပေးမှူအပြည့်အဝရရှိထားတာလည်းဖြစ်ပါတယ်။ သုသုက စိတ်ထဲမှာခံစားရသမျှတွေကို လူမှူကွန်ယက်ပေါ်မှာရင်ဖွင့်တတ်သူလည်းဖြစ်ပါသေးတယ်။သုသုဟာအရင်တုန်းကတော့ အချစ်ရေးနဲ့ပတ်သက်ပြီး လူမှုကွန်ယက်မှာပွင့်ပွင့်လင်းလင်းချပြတတ်လေ့ရှိခဲ့ပေမယ့်အခုနောက်ပိုင်းမှာတော့ သုသုက အချစ်ရေးနဲ့ပတ်သက်ပြီး သိုသိုသိပ်သိပ်နေတတ်သူလေးဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွဲချက်တင်ထားတဲ့အမှုကို ရင်ဆိုင်ဖို့ နယ်သာလန်နိုင်ငံကို ဒီဇင်ဘာလ ၈ ရက် တနင်္ဂနွေနေ့က ရောက်ရှိသွားခဲ့ပြီး ပြီးခဲ့တဲ့ ၁၀ ရက်နေ့က စပြီးအမှုရင်ဆိုင်နေခဲ့ပါပြီ။ […]

ချစ်သူရဲ့ ဆံပင်လေးတွေကို အနွေးထည်လုပ်ဝတ်ချင်တယ်ဆိုတဲ့ အေးမြတ်သူ

ချစ်သူရဲ့ ဆံပင်လေးတွေကို အနွေးထည်လုပ်ဝတ်ချင်တယ်ဆိုတဲ့ အေးမြတ်သူ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်ကတည်းက ပါးချိုင့်လေးနဲ့ မြန်မာဆန်ဆန်လှတဲ့ အခုချိန်ထိ အရွယ်တင် နုပျိုနေတဲ့ အေးမြတ်သူကိုတော့ အားလုံးကို မိတ်ဆက်ပေးနေစရာလိုမယ် မထင်ပါဘူး။ မြန်မာဆန်တဲ့အလှပိုင်ရှင် ဆိုပေမယ့် သူရဲ့ ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ် အချိုးစားကြောင့် ဘယ်လိုပုံစံ ဝတ်ဝတ်ကြည့်ကောင်းနေတယ် ဆိုတာကိုတော့ အားလုံးလည်း ငြင်းလိမ့်မယ် မထင်ပါဘူး။ ကြည်လင်တဲ့ အသားရေနဲ့ သူရဲ့ ခန္ဓာကိုယ်အချိုးစားဟာ တကယ့်ကို လိုက်ဖက်လွန်းလှပါတယ်။ အခု ကျနော်တို့ပြောချင်လွန်းလို့ မိတ်ဆွေတွေကို ဖော်ပြပေးသွားမှာကတော့ အေးမြတ်သူရဲ့ ခံစားချက်လေးတွေကို ဖွင့်ဟပြောကြားထားတဲ့ အကြောင်းလေးပဲဖြစ်ပါတယ်။ အေးမြတ်သူကတော့ “ ဖန်တရာထေနေတဲ့အလွမ်းနဲ့ နှင်းဆီပန်းတွေပေးတာ ရိုးလာတော့ တစ်ယောက် နံရိုး တစ်ယောက်ထုတ်ပြီး လက်ဆောင်ပေးကြတာပေါ့။ အရိုးမှာကပ်ကျန်နေတဲ့ အသားစလေးဟာ ငါတို့နှစ်ယောက် ချစ်ခြင်းဆိုရင် […]

”ဝလုံးနဲ့ကျော်စိုးဦး ”ကတော့ သူ့တို့မိသားစုတွေနဲ့ ပြုံးပျော်နေချိန်မှာ…..

Zawgyi Font ဖြင့်ဖတ်ရန် တရားခံအစစ်ကို ကမ္ဘာကျေသော်လည်း ဥဒါန်းမကျေပါ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်လုံးဝ မနှစ်သက်တာ ခင်ဗျားတို့လည်း သိပါတယ်။ ဒါပေမယ့်ဗျာ အရေးကြီးတော့ သွေးနီးဆိုသလို ကိုယ့်နိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက် တိုင်းတစ်ပါးမှာ ဒီလိုမျက်နှာငယ်ငယ်နဲ့ တွေ့နေရတာ ရင်ထဲမှာ လုံးဝစိတ်မကောင်းဘူး။ ဝလုံးနဲ့ကျော်စိုးဦးကတော့ သူ့တို့မိသားစုတွေနဲ့ ပြုံးပျော်နေချိန်မှာ… ဘာလို့လည်းဆိုတော့ ဒေါ်စုကြည်က နိုင်ငံကိုယ်စားပြုအနေနဲ့ ဒီကြားနာပွဲကို တက်နေရလို့ပါ။ သူမျက်နှာငယ်ရင် နိုင်ငံမျက်နှာငယ်ရတယ်လို့ ခံစားမိတယ်။ တကယ်တန်း အပြစ်ရှိနေတာက ကိုယ့်ပြည်တွင်း ပြဿနာကို ကိုယ်ဖြေရှင်းနေတဲ့ တပ်မတော်လည်း မဟုတ်သလို ရခိုင်မြောက်ပိုင်း နောက်ပိုင်းကိစ္စတွေမှာ ဒေါ်စုကြည်အနေနဲ့ တပ်မတော်ဘက်က ရပ်တည်ခဲ့တယ်ဆိုတာ သူ့မိန့်ခွန်းတွေ ပြန်နားထောင်ကြည့်ရင် သိသာနေတာမို့ ဒေါ်စုကြည်အပေါ်လည်း အပြစ်လုံးလုံးပုံချလို့ မရပါဘူး။ ဝလုံးနဲ့ကျော်စိုးဦးကတော့ သူ့တို့မိသားစုတွေနဲ့ ပြုံးပျော်နေချိန်မှာ… ယခုလို ကိစ္စတွေ […]

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မားမားမတ်မတ်ပါဝင်ရပ်တည်ပါတယ်ဆိုတဲ့ မေဦးနဲ့ဟန်လင်း

မေဦးနဲ့ ဟန်လင်းဟာ ချစ်သူသက်တမ်းနှစ်အတော်ကြာပြီဖြစ်သလို မြန်မာနိုင်ငံရဲ့ အစောဆုံး LGBT စုံတွဲတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။ မေဦးနဲ့ ဟန်လင်းက နှစ်ယောက်စလုံးက အချောလေးတွေချည်းပဲဖြစ်သလို တစ်ယောက်နဲ့တစ်ယောက်လည်းမျက်စိအောက်ကအပျောက်မခံပဲအရိပ်တကြည့်ကြည့်နဲ့ချစ်ကြသူတွေလည်းဖြစ်ပါတယ်။ မေဦးနဲ့ ဟန်လင်းဟာ နှစ်ယောက်စလုံးလည်း ကိုယ်ပိုင်စီးပွားရေးကိုယ်စီအိပ်မက်တွေရည်မှန်းချက်တွေကိုယ်စီနဲ့ ရွှေလက်တွဲပြီး သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကိုပိုင်ဆိုင်ထားကြသူတွေဆိုရင်လည်းမမှားပါဘူး။ မေဦးနဲ့ ဟန်လင်းတို့စုံတွဲလေးဟာ သူများတွေအားကျအောင် ရိုတတ်တဲ့အတွဲလေးလည်းဖြစ်သလိုရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ သံယောဇဉ်ကြီးတဲ့ စုံတွဲလေးလည်းဖြစ်ပါတယ်။ သူတို့နှစ်ဦး ကတောက်ကဆဖြစ်ပြီး ပြတ်စဲမယ့်အသံတွေကြားရပြီဆိုရင် ပရိသတ်တွေက ဝိုင်းပြီး စိတ်ပူရတာတွေရှိပေမယ့်လည်းပဲ သိပ်မကြာခင်ပြန်အဆင်ပြေသွားပြီး ပြန်လည်ချစ်ကြည်နူးနေတတ်တဲ့ချစ်စရာအတွဲလေးဖြစ်တာကြောင့် ပရိသတ်တွေက သူတို့ကို သက်ဆုံးတိုင်တွဲလက်တွေမြဲစေချင်ကြပြီး ဖူးစာဆုံစေချင်ကြနေရတာပါ။ လက်ရှိမှာဖြစ်ပေါ်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွဲချက်တင်ထားတဲ့အမှုကို နယ်သာလန်နိုင်ငံမှာသွားရောက်ရင်ဆိုင်နေရတာနဲ့ပတ်သက်ပြီး အမေစုကိုချစ်တဲ့သူတွေက သူတို့ရဲ့လူမှုကွန်ယက်အသီးသီးကနေအမေစုကို အားပေးကြောင်းနဲ့အမေစုနဲ့ အတူရပ်တည်ကြောင်းတွေ တင်လာခဲ့ကြပါတယ်။အမေစုကိုအားပေးထောက်ခံသူတွေထဲမှာ ပြည်သူချစ်အနုပညာရှင်တွေလည်းများစွာပါဝင်နေတာကိုတွေ့ရပါတယ်။ […]

Back To Top