တက္ကသိုလ်ဝင်တန်းကျရှုံးသူများကို အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးတော့မည်

တက္ကသိုလ်ဝင်တန်းကျရှုံးသူများကို အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးတော့မည်

ယခုနှစ်မှာ စတင်ထုတ်ပေး မှာ ဖြစ်ပြီး ၅သိန်းခွဲခန့်ရှိတယ်လို့သိရပါတယ်။ ယခုနှစ်မှာ အခြေခံပညာအထက်တန်းပြီးမြောက်ကြောင်းလက်မှတ် ၅သိန်းခွဲလောက် ထုတ်ပေးဖို့ ရှိတယ်လို့ သိရပါတယ်။တက္ကသိုလ်ဝင်တန်း ကျရှုံးပေမယ့် အထက်တန်းအဆင့် ပြီးမြောက်ကြောင်းလက်မှတ်ကို

ယခုနှစ်မှစတင် ထုတ်ပေး သွားမယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။“တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အခုထိ ၃၀ရာခိုင်နှုန်းလောက်ပဲအောင်တယ်။ကျန်တဲ့ ၇၀က ဘယ်ရောက်သွား ကြလဲဆိုတာအရင်က မစဉ်းစားခဲ့ကြဘူး။

အခုတော့စဉ်းစားတယ်။ အဲဒီ ၇၀ အတွက် တက္ကသိုလ်ဝင်တန်း မအောင် သော်ငြားလည်း ၁၀တန်းအထိ သင်ယူခဲ့ပါပြီဆိုတဲ့ အထောက်အထားလက်မှတ်ကို ထုတ်ပေးသွားမယ်။ ဒီလက်မှတ် ရတာနဲ့ အရင်က B List နဲ့အောင်သလိုပဲ အလုပ်ခွင်တွေမှာ နေရာတွေခေါ်နိုင်အောင် ကြိုးစားနေတာပါ။” လို့

ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။

ယခုလို အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်ကို ပညာရေးဝန်ကြီး ဌာနဖက်က လုပ်ပေးလိုက်ချိန်မှာ လုပ်ငန်းခွင်တွေမှာ အလုပ်ရှင်တွေဘက် ကလည်း လက်ခံပေးဖို့လိုကြောင်း၊ တချို့ပညာသင်ကျောင်းတွေမှာ လည်း ဒီလက်မှတ်နဲ့ တက်ရောက်ခွင့်ပြုနိုင်ဖို့လိုကြောင်း၊စတဲ့

ပူးပေါင်းပေးမှုတွေ လုပ်ဆောင် ပေးလာမယ်ဆိုရင် မအောင်နှုန်း ၇၀ရာ ခိုင်နှုန်းကို မဆုံးရှုံးရတော့ပဲ ဖြစ်လာမှာပါလို့လည်း ဒေါက်တာတင်မောင်ဝင်းက ပြောပါသေးတယ်။ယခုနှစ်မှာတော့ တက္ကသိုလ်ဝင်တန်း မအောင်မြင်ပေမယ့် ပြီးမြောက်ကြောင်းလက်မှတ်ကို တိုင်းနှင့်ပြည်နယ် အသီးသီးအတွက်

စုစုပေါင်း ၅သိန်းခွဲခန့်ပေးဖို့ရှိတယ်လို့ သိရပါတယ်။“အခု ထုတ်လုပ်နေတုန်းပါ၊ လက်မှတ်တွေကို မပေးရသေးပါဘူး၊ ဒါပေမယ့်ပညာ ရေး ပြည်နယ်/တိုင်း ၁၈ခုမှာ ၁၄ ခုကိုတော့ ပေးပြီးသွားပါပြီ။ လုံခြုံမှုရှိအောင် ဆရာတို့ရုံးမှာပဲ ပုံနှိပ်ပြီးသက်ဆိုင်ရာ တိုင်းဒေသပြီး ပြည်နယ်တွေကို ဖြန့်ပေးထားပါတယ်။

၁၈ ခုလုံး ရောက်သွားပြီ ဆိုတော့မှ ဘယ်နေ့ကစပြီး ပေးပါလို့ ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။”လို့လည်း ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ နှစ်စဉ်တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်းဟာ ၃၀ ရာခိုင်နှုန်းဝန်းကျင် လောက်သာ ရှိနေမြဲ ဖြစ်ပါတယ်။

ယခုစတင်ထုတ်ပေးမယ့်အထက်တန်းအဆင့် ပြီးမြောက်ကြောင်းလက်မှတ်တွေက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတဲ့ လက်မှတ်တွေ ဖြစ်လာခဲ့ရင် တက္ကသိုလ်ရဲ့ ဝန်ထုပ်ဝန်ပိုးနည်းသွားနိုင်ကြောင်းနှင့် ပုဂ္ဂလိက ပညာရေး ဥပဒေ ထွက်လာချိန် နဲ့ တပြိုင်နက် နိုင်ငံတော်ရဲ့ ဝန်ထုပ်ဝန်ပိုးလည်း များစွာလျော့ကျသွားနိုင်တယ်လို့ ဒေါက်တာ တင်မောင်ဝင်းက သုံးသပ်ပြောခဲ့ပါတယ်။

Credit Duwun

Unicode

တက္ကသိုလ်ဝင်တန်းကျရှုံးသူများကို အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးတော့မည်

ယခုနှစ်မှာ စတင်ထုတ်ပေး မှာ ဖြစ်ပြီး ၅သိန်းခွဲခန့်ရှိတယ်လို့သိရပါတယ်။ ယခုနှစ်မှာ အခြေခံပညာအထက်တန်းပြီးမြောက်ကြောင်းလက်မှတ် ၅သိန်းခွဲလောက် ထုတ်ပေးဖို့ ရှိတယ်လို့ သိရပါတယ်။တက္ကသိုလ်ဝင်တန်း ကျရှုံးပေမယ့် အထက်တန်းအဆင့် ပြီးမြောက်ကြောင်းလက်မှတ်ကို

ယခုနှစ်မှစတင် ထုတ်ပေး သွားမယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အခုထိ ၃ဝရာခိုင်နှုန်းလောက်ပဲအောင်တယ်။ကျန်တဲ့ ရဝက ဘယ်ရောက်သွား ကြလဲဆိုတာအရင်က မစဉ်းစားခဲ့ကြဘူး။

အခုတော့စဉ်းစားတယ်။ အဲဒီ ၇၀ အတွက် တက္ကသိုလ်ဝင်တန်း မအောင် သော်ငြားလည်း ၁ဝတန်းအထိ သင်ယူခဲ့ပါပြီဆိုတဲ့ အထောက်အထားလက်မှတ်ကို ထုတ်ပေးသွားမယ်။ ဒီလက်မှတ် ရတာနဲ့ အရင်က B List နဲ့အောင်သလိုပဲ အလုပ်ခွင်တွေမှာ နေရာတွေခေါ်နိုင်အောင် ကြိုးစားနေတာပါ။ လို့

ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။

ယခုလို အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်ကို ပညာရေးဝန်ကြီး ဌာနဖက်က လုပ်ပေးလိုက်ချိန်မှာ လုပ်ငန်းခွင်တွေမှာ အလုပ်ရှင်တွေဘက် ကလည်း လက်ခံပေးဖို့လိုကြောင်း၊ တချို့ပညာသင်ကျောင်းတွေမှာ လည်း ဒီလက်မှတ်နဲ့ တက်ရောက်ခွင့်ပြုနိုင်ဖို့လိုကြောင်း၊စတဲ့

ပူးပေါင်းပေးမှုတွေ လုပ်ဆောင် ပေးလာမယ်ဆိုရင် မအောင်နှုန်း ရဝရာ ခိုင်နှုန်းကို မဆုံးရှုံးရတော့ပဲ ဖြစ်လာမှာပါလို့လည်း ဒေါက်တာတင်မောင်ဝင်းက ပြောပါသေးတယ်။ယခုနှစ်မှာတော့ တက္ကသိုလ်ဝင်တန်း မအောင်မြင်ပေမယ့် ပြီးမြောက်ကြောင်းလက်မှတ်ကို တိုင်းနှင့်ပြည်နယ် အသီးသီးအတွက်

စုစုပေါင်း ၅သိန်းခွဲခန့်ပေးဖို့ရှိတယ်လို့ သိရပါတယ်။အခု ထုတ်လုပ်နေတုန်းပါ၊ လက်မှတ်တွေကို မပေးရသေးပါဘူး၊ ဒါပေမယ့်ပညာ ရေး ပြည်နယ်/တိုင်း ၁၈ခုမှာ ၁၄ ခုကိုတော့ ပေးပြီးသွားပါပြီ။ လုံခြုံမှုရှိအောင် ဆရာတို့ရုံးမှာပဲ ပုံနှိပ်ပြီးသက်ဆိုင်ရာ တိုင်းဒေသပြီး ပြည်နယ်တွေကို ဖြန့်ပေးထားပါတယ်။

၁၈ ခုလုံး ရောက်သွားပြီ ဆိုတော့မှ ဘယ်နေ့ကစပြီး ပေးပါလို့ ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။လို့လည်း ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ နှစ်စဉ်တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်းဟာ ၃၀ ရာခိုင်နှုန်းဝန်းကျင် လောက်သာ ရှိနေမြဲ ဖြစ်ပါတယ်။

ယခုစတင်ထုတ်ပေးမယ့်အထက်တန်းအဆင့် ပြီးမြောက်ကြောင်းလက်မှတ်တွေက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတဲ့ လက်မှတ်တွေ ဖြစ်လာခဲ့ရင် တက္ကသိုလ်ရဲ့ ဝန်ထုပ်ဝန်ပိုးနည်းသွားနိုင်ကြောင်းနှင့် ပုဂ္ဂလိက ပညာရေး ဥပဒေ ထွက်လာချိန် နဲ့ တပြိုင်နက် နိုင်ငံတော်ရဲ့ ဝန်ထုပ်ဝန်ပိုးလည်း များစွာလျော့ကျသွားနိုင်တယ်လို့ ဒေါက်တာ တင်မောင်ဝင်းက သုံးသပ်ပြောခဲ့ပါတယ်။

Credit Duwun

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top