မန္တလေးမှာ သံပုံးတီးလို့ တရက်ထဲ လူ ၃၀ ကျော် အဖမ်းခံရ


မန္တလေးမှာ သံပုံးတီးလို့လို့ တရက်ထဲ လူ ၃၀ ကျော် အဖမ်းခံရ

နေအိမ်တွေကနေ သံပုံးတီးခဲ့လို့ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က အမျိုးသား၊ အမျိုးသမီး ၂၀ကျော် ဖေဖော်ဝါရီလ ၄ ရက်နေ့ မနေ့ညက ဖမ်းဆီးခံခဲ့ရပြီး ဒီနေ့မနက် ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးနေပါတယ်။

“ကွမ်းယာရောင်းရင်း ထိုင်ပြီး သံပုံးတီးနေတာကို ဆွဲခေါ်ဖမ်းသွားတာပါ။ ဖမ်းခံရသူတွေက အခြေခံလူတန်းစားတွေကြီးပဲမို့ ဒီကနေ့ ဆိုင်တောက်မထွက်ရပါဘူး။ ဒီလို မတီးရဘူးလို့လည်း ရပ်ကွပ်အုပ်ချုပ်ရေးရုံးက အသိပေးထားတာ မရှိပါဘူး” လို့ အမျိုးသားဖြစ်သူ ဖမ်းခံရလို့ တရားရုံးကို လာရောက်နေတဲ့ မကြူကြူသင်း က ပြောပါတယ်။

သံပုံးတီးခဲ့တာကြောင့် မန္တလေးခရိုင်အတွင်း လူ ၃၀ ကျော် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အနယ်နယ်အရပ်ရပ်က ပြည်သူတွေဟာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အနေနဲ့ ညစဉ် ၈ နာရီဆိုရင် သံပုံးတီးတဲ့ လှုပ်ရှားမှုကို ဖေဖော်ဝါရီလ ၂ ရက်နေ့ ညက စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top