ဖုန်းကိုင်တဲ့ ပုံစံကပြောပြသော သင့်အချစ်ရေးနှင့် ပင်ကိုစရိုက်

ဖုန်းကိုင်တဲ့ ပုံစံကပြောပြသော သင့်အချစ်ရေးနှင့် ပင်ကိုစရိုက်

ဖုန်းကိုင်တဲ့ ပုံစံကိုကြည့်ပြီး သူ့ရဲ့အကျင့်စရိုက်တွေကို ခန့်မှန်းလို့ ရနေတယ်ဆိုရင် အံ့သြဖို့ကောင်းပါသလား။ ပုံထဲမှာကြည့်ပြီးတော့ သင်ဘယ်လို အကျင့်စရိုက်တွေရှိနေတယ်ဆိုတာ ဖတ်ကြည့်လိုက်ပါနော်။ပုံစံ(1) (လက်တစ်ဖက်တည်းဖြင့်ကိုင်ပြီး လက် မဖြင့်နှိပ်သူ)

ခန့်မှန်းရခက်ပါတယ်။ အာရုံခံစားမှုအားကောင်းပါတယ်။ ပြိုင်ဖက်ကင်း s exy ကျပါတယ်။ အမှတ်သညာကြီးပါတယ်။ မိမိကြိုက်နှစ်သက်ရာကို စွန့်လွှတ်ဖို့ ခက်ခဲပါတယ်။ လျှို့ဝှက် တတ်ပါတယ်။

အလုပ်အလွန်ကြိုးစားပါတယ်။ အလုပ်ကိုလေးစားတတ်ပါတယ်။ အိုင်ဒီယာကောင်းပါတယ်။ ချက်ဆိုနားခွက်က မီးတောက်ပါတယ်။ မိတ်ဆွေအပေါင်းအသင်း များတယ်။ တီထွင်ဆန်းသစ်မှုကောင်းပါတယ်။ ညှို့ဓာတ် ပြင်းပါတယ်။

အတွင်းစိတ်

သင်ဟာ အမှန်တကယ်ဆိုရင် အလွယ်တကူ လိုက်လျောတတ်သူတစ်ယောက် မဟုတ်ပါဘူး။ ဘယ်သူက သင့်အပေါ် အမှန်တကယ်ကောင်းတယ် မကောင်းဘူးဆိုတာ အသေအချာသိပါတယ်။ ကောင်းမွန်စွာ ထိန်းချုပ်တတ်ပြီး အချစ်နှင့်အမုန်း သေသေချာချာ ကွဲကွဲပြားပြား သိသူ ဖြစ်ပါတယ်။

အခြားသူက သင့်အပေါ်မှာ တရားလွန်မလုပ်ရင် သင်ဘက်ကအမောက်ထောင်ပြမှာမဟုတ်ပါဘူး။ တစ်ခါတရံမှာ တစ်ပါးသူအပေါ်အမှီပြုချင်ရင်လည်း သင့်ဘက်ကနေ ဟန်ဆောင်နေမှာလည်း မဟုတ်ပါဘူး။ တစ်ခါတစ်လေ နှုတ်မြန်တတ်ပြီး စိတ်ထဲမှာ မပါပဲ ပြောလိုက်မိတတ်ပါတယ်။ သင့်စိတ်ထဲမှာ ကမ္ဘာကြီးကို ငြိမ်းချမ်းစေလိုပြီး လူတွေကိုလည်း စိတ်ချမ်းမြေ့ စေ လိုပါတ။

အချစ်စိတ်

သင်အခြားလူအပေါ် ယုံကြည်မိပြီဆိုရင် အဲ့ဒီလူအပေါ်ကို အပြစ်မမြင်တတ်ပါဘူး။ သင့်ကိုယ်သင်လည်း အရမ်းကို ကာကွယ်တတ်တဲ့ သူ ဖြစ်ပါတယ်။တစ်ခါခံစားရဖူးပါက နောက်တစ်ကြိမ်ဒီလို ထပ်ဖြစ်မှာကို မလိုလားသလို မဖြစ်အောင်လည်း ကြိုတင်ကာကွယ်လေ့ရှိပါတယ်။ နောက်တစ်ကြိမ် ယုံကြည်ဖို့လည်းခက်ခဲသွားပါတယ်။ အချစ်ကိုတန်ဖိုးထားပြီး မိမိချစ်တဲ့သူအတွက် တစ်သက်လုံး အနစ်နာခံချစ်တတ်သူလည်း ဖြစ်ပါတယ်။

ပုံစံ (2) (ဘယ်ဘက်လက် မှဖုန်းကိုကိုင်ထားပြီး ညာဘက်လက်မှလက်မဖြင့် အသုံးပြုသူ)

ခံစားမှုပြင်းထန်သူဖြစ်ပါတယ်။ စိတ်ကူးယဉ်တတ်သူတစ်ဦးဖြစ်ပါတယ်။ အာရုံခံစားမှုအားကောင်းပါတယ်။ အခြားသူများကိုကူညီတတ်ပါတယ်။ လုံခြုံမှု အားနည်းပါတယ်။ကိုယ်ချင်းစာစိတ်အလွန်ကြီးပါတယ်။ လှိုက်လှိုက်လှဲလှဲရှိပါတယ်။ အသေး စိတ် လေ့လာမှု အားနည်းပါတယ်။ စိတ်လောသူတစ်ဦးလည်းဖြစ်ပါတယ်။ အတွေ့အကြုံကြွယ်ဝသူ ဖြစ်ပါတယ်။သိလိုစိတ်အားကြီးပါတယ်။ စွန့်စားရတာကိုနှစ်သက်ပါတယ်။ ကလေးဆန်ပါတယ်။ ကိုယ်ကိုယ်ကို ယုံကြည်မှု အားကြီးပါတယ်။

အတွင်းစိတ်

ကာကွယ်ခံရတာကိုနှစ်သက်ပါတယ်။ ကိုယ့်အပေါ်စိတ်ရင်းမှန်နဲ့ ဆက်ဆံသူကို လိုချင်တတ်ပါတယ်။ တစ်ခါတစ်လေမှာ သင်ကသိပ်ကို သဘောကောင်းလွန်း အားကြီးလို့ အခြားသူများရဲ့အသုံးချမှုကိုခံရတတ်ပါတယ်။ဒါပေမယ့် အချစ် နဲ့အမုန်းကိုတော့ သေချာခွဲခြားသိပြီး ခံစားချက်အတိုင်းတုန့်ပြန်တတ်ပါတယ်။

အချစ်စိတ်

သင်ကစိတ်ထဲမှာရှိတဲ့အတိုင်း ထုတ်ဖော်မှုအပိုင်းမှာအားနည်းတတ်ပါတယ်။ စိတ်ထဲမှာကြိုက်နှစ်သက်သော်လည်း အခြားသူကမိမိကြိုက်နှစ်သက်နေ တယ်ဆိုတာကိုခံစားလို့မရနိုင်ဖြစ်တတ်ပါတယ်။သင်က မရိုးမသား လုပ်တာ မဟုတ်သော်လည်း တကယ်ဖော်ပြနိုင်စွမ်းကတော့ အားနည်းတယ်လို့ပဲ ဆိုပါရစေ။

တစ်ခါတစ်ရံ စိတ်အတွင်း ခံစားချက်ကို ထုတ်ဖော်လေ့ မရှိပဲ သိမ်းထားတတ်ပါတယ်။ ဒေါသ မရှိတာတော့မဟုတ်ပဲ အချစ်ကြောင့် မိမိစိတ်ကို ချိုးနှိမ် ထားတတ်ပါတယ်။သင်ကအခြားသူ အပေါ်မှာကောင်းတာ အကျင့်ဖြစ်နေတော့ တကိုယ်ကောင်းဆန်တယ်ဆိုတာ ဘာလဲဆိုတာတောင် မေ့နေသူမျိုးပါ။

ပုံစံ (3) (လက်နှစ်ဖက်ဖြင့်ဖုန်းကိုင်ပြီး လက်မဖြင့်ဖုန်းကိုအသုံးပြုသူ)

တီထွင်မှုစွမ်းအားကြီးမားပါတယ်။ စွဲဆောင်မှုကောင်းပြီး အပေါင်းအသင်းများပါတယ်။ သဘောထားကြီးပါတယ်။ သင်ယူတာလည်း မြန်ဆန်ပါတယ်။မိမိ ကိုယ်ကိုယ်ယုံကြည်မှု ရှိခြင်းဟာလည်း သူ့ရဲ့တစ်ခုတည်းသော စန်းလို့လည်းပြောနိုင်ပါတယ်။ မာနကြီးသူတစ်ဦးလည်း ဖြစ်ပါတယ်.။အလုပ်အပေါ်တန်ဖိုးထားပြီး အလုပ်ကိုသေချုာဇောက်ချလုပ်တတ်ပါတယ်။ ဘဝရည်မှန်းချက ်ကြီးသူတစ်ဦး ဖြစ်ပါတယ်။

အတွင်းစိတ်

အတွင်းစိတ်က အရမ်းကို ပျော့ညံ့ပါတယ်။ တစ်ခါတစ်ရံ လုပ်ချင်သော်လည်း စိုးရိမ်စိတ်လွန်ကဲတတ်ပါတယ်။ ရည်မှန်းချက် ကြီးမားသော်လည်း ကျရှုံးမှာကို အလွန်စိုးရိမ်သူပါ။ဘေးနားမှာ နားလည်တတ်ပြီးအားပေးမည့် သူတစ်ယောက် အမြဲလိုအပ်ပါတယ်။ သင်လိုချင်တာက အမှန်တကယ်ဆိုရင် အများကြီးမဟုတ်ပါဘူး။ သင့်ကိုနားလည်ပေးမယ့်သူ တစ်ယောက် ရှိနေစေချင်တာပါ။အမှန်တကယ်က မိမိကိုနားလည်ပေးပြီး မိမိလုပ်ချင်တာကို အားပေးမယ့်သူတစ်ယောက်ရှိရင် သင့်ဘဝကပြည့်စုံပါပြီနော်။

အချစ်စိတ်

အစဉ်းစားလွန်တတ်ပါတယ်။ အရင်ကဇာတ်လမ်းလိုမျိုးပြန်လည် ခံစားရမှာမျိုးကို ကြောက်ရွံတတ်ပါတယ်။ ကိုယ့်ကို ဂရုစိုက်မယ့် သူရှိတာတောင် တစ်ခါတစ်ရံမှာ တွေဝေနေတတ်ပါတယ်။

အရမ်းချစ်တတ်တဲ့အတွက်လည်း ချစ်သူမုန်းတီးသွားမှာကို အင်မတန် စိုးရိမ်တတ်သူတွေပါ။ ဒါကြောင့်ချစ်သူတွေ အနိုင်ကျင့်တာ ခံရတတ်ပြီး မိမိကတော့ ဘာမှမဖြစ်သလို ဟန်ဆောင်နေတတ်ပါတယ်။တစ်ယောက်တည်း နေရမှာကိုကြောက်တဲ့အတွက် ကိုယ့်ဘက်ကတော့ အမြဲအလျော့ပေးနေ တတ်တာပဲ ဖြစ်ပါတယ်။

ပုံစံ (4) (ဖုန်းကိုလက်တစ်ဖက်က ကိုင်ထားပြီး အခြားတစ်ဖက်က လက်ညှိုးကိုအသုံးပြုကာ ဖုန်းသုံးတတ်သူ) ဉာဏ်ထက်မြက်ပါတယ်။

တီထွင်လိုစိတ်ကြီးမားပါတယ်။ ခံစားချက်အတိုင်း ဖော်ပြတတ်ပါတယ်။ စကားကြွယ်ဝသူ တစ်ဦးလည်းဖြစ်ပါတယ်။ တုန့်ပြန်မှု မြန်ဆန်ပါတယ်။အလှအပနှင့် အနုပညာအပေါ်စိတ်ဝင်စားသူလည်း ဖြစ်ပါတယ်။ အခြားသူများကိုနားလည်တတ်ပြီး တစ်ခါတစ်ရံ အခြားသူများ၏ ခံစားချက်ကို ဂရုစိုက်လွန်း တတ်ပါတယ်။

အတွင်းစိတ်

သင်ဟာတစ်ခါတစ်ရံမှာ တိတ်တဆိတ်နေတတ်ပါတယ်။ဒါဟာအမှန်ဆိုသင့်ရဲ့ နွေးထွေးသော အပြုအမူတစ်ခုပါ။ အခြားသူများ ကိုယ့်အတွက် ဒဏ်ရာရမှာ စိုးတဲ့အတွက် ကိုယ်ပဲအနစ်နာခံလိုက်တဲ့သဘောပါ။သင့်ကိုကြည့်ရတာ နားလည်ရခက်ခဲမယ်လို့ ထင်ရသော်လည်း သင်ကအမှန်တကယ်ဆို နားလည်ရခက်တဲ့ သူတစ်ဦးတော့ မဟုတ်ပါဘူး။တစ်ခါတစ်ရံမှာ တုန့်ပြန်မှု မြန်လွန်းတာကြောင့် အခြားသူများကိုတော့ စိတ်ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ သင့်အိပ်မက်ကတော့ သင့်ကိုနားလည်ပေးမယ့်သူတစ်ဦး ရှိနေဖို့အတွက်ပါပဲ။

အချစ်စိတ်

သင်က ငြိမ်သက်တဲ့အချစ် အေးချမ်းတဲ့အချစ်ကိုပဲလိုချင်သူတစ်ဦးဖြစ်ပါတယ်။ သွားနေကျ နေရာတစ်ခုဟာ သင့်အတွက်တော့ စိတ်ပျော်ရွှင်မှု ပေးနိုင်တဲ့ အကောင်းဆုံးနေရာပဲ ဖြစ်ပါတယ်။သင့်ရဲ့အားနည်းချက် ကတော့ စိတ်ပျော့တာပဲဖြစ်ပါတယ်။ ကိုယ့်ကို ဘယ်လောက်ထိ ထိခိုက်စော်ကားခဲ့သူဖြစ်ပါစေ သူ့ဘက်က ခေါင်းလေးငုံပြီး တောင်းပန်လိုက်ရင် ချက်ခြင်း ကျေအေးပေးတတ်ပါတယ်။ကိုယ်ချစ်တဲ့သူတွေ ကိုယ့်သူငယ်ချင်းတွေ မျက်ရည်ကျတာကို လုံးဝမကြည့်ရက်တဲ့သူပါ။ သူတို့ကပဲ ကိုယ့်ကို မျက်ရည်နဲ့ အနိုင်ယူသွားမှာပါနော်  ။

မှတ်ချက်။ ကျနော်ကတော့ ပုံစံ( 4 ) ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top