လူထု လှုပ်ရှားမှု ပြုလုပ်နေတဲ့ သူရဲကောင်းများအတွက် ငါးထမင်းနယ် ထမင်းလုံးတွေကို ကိုယ်တိုင် ပြင်ဆင်ပြီး လှူဒါန်း ကုသိုလ် ပြုနေတဲ့ ရေဗက္ကာဝင်း

လူထု လှုပ်ရှားမှု ပြုလုပ်နေတဲ့ သူရဲကောင်းများအတွက် ငါးထမင်းနယ် ထမင်းလုံးတွေကို ကိုယ်တိုင် ပြင်ဆင်ပြီး လှူဒါန်း ကုသိုလ် ပြုနေတဲ့ ရေဗက္ကာဝင်း

အဆိုတော် ရေဗက္ကာဝင်းကတော့ အသံ ပါဝါ ကောင်း ကောင်းနဲ့ ပရိ သတ် တွေ အကြိုက် သီချင်း များကို သီဆို လေ့ ရှိပြီး ပွင့်ပွင့်လင်းလင်း နေထိုင် တတ်သူပဲ ဖြစ်ပါတယ်။

အခု လက်ရှိ မှာတော့ နွေဦး တော်လှန်ရေးဖြစ်တဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူ လူထု နဲ့အတူ တစ် သားတည်း ရပ်တည်ကာ အားမာန်အပြည့်နဲ့ ပါဝင်လှုပ်ရှား နေတာ ဖြစ်ပါတယ်။

လူထုလှုပ်ရှားမှုကြီးက တစ်လကျော်လာပြီဖြစ်ပေမယ့်လည်း ပြည်သူတွေကတော့ သွေးမ အေးပဲ မလျော့ သော ဇွဲလုံလ တွေ နဲ့ တစ်ယောက်ကိုတစ်ယောက် ကူညီဖေးဖရင်း ဆက်လက် ချီတတ်နေကြတုန်း ပဲဖြစ်ပါတယ်။

လူထုလှုပ်ရှားမှုတွေက အားကောင်းလာသလို တစ်ဖက်တွင်လည်း နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ အာဇာနည်များနဲ့ ထိန်းသိမ်းခံထားရတဲ့ လူငယ်တွေကလည်း အများအပြားရှိလာတာ ပဲ ဖြစ်ပါတယ်။

အခုလိုအချိန်မျိုးတွင် ရေဗက္ကာဝင်းကလည်း တစ်ဖက်တစ်လမ်းကနေ နေပူထဲတွင် လူထုလှုပ်ရှားမှုကို အားတတ်သရော ပြုလုပ်နေကြတဲ့ ပြည်သူ လူထု ကြီးအ တွက် စား စ ရာ သောက် စ ရာ များနဲ့ လိုအပ်တဲ့ ပစ္စည်း တွေကို တတ်နိုင်သလောက် ကူညီ ပံပိုးပေးနေတာလည်း တွေ့ရပါတယ်။

ဒီနေ့မှာ ဆိုရင်လည်း ရေဗက္ကာဝင်းက ကိုယ်တိုင်သွားမလှူနိုင်ပေမယ့်လည်း အိမ်မှာတော့ ချက်ပြုတ် ပြင်ဆင် နေတာကို သူမရဲ့ လူမူကွန် ယက် စာ မျက် နှာ ထက်တွင်”ဒီနေ့အတွက် ငါး ထမင်းနယ် ထမင်းလုံးတွေနဲ့ ညဘက် ကင်းစောင့်ကြမယ့် လူကြီးလူငယ်တွေအတွက်ရော နွေရာသီအတွက် မီးသတ်ဆေးဗူးတွေရော လှူဒါန်းပါတယ်

ကိုယ်တိုင် ကိုယ်ကျ သွားမ လှူနိုင်လို့ လာယူပေး ကိုယ်တိုင် ကိုယ်ကျထွက် လှူပေးတဲ့ မောင်လေး ညီမလေး တွေလဲ ဘေးအန္တရာယ် ကင်းရှင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”ဆိုတဲ့ စာသားလေးနဲ့ အတူ ပုံရိပ်လေးတွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။

ချစ် ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည် မျှဝေပေးရင်း မြန် မာ ပြည်သူ ပြည်သား များအားလုံး ဘေးရန် ကင်းကြ ပါ စေလို့ ဆုတောင်းမှုပြုပါတယ်။

Source : Rebecca Win FB Account

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top