လက်ရှိအခြေအနေနဲ့ ပတ်သတ်ပြီး စိုးရိမ်စိတ်တွေများ နေရတဲ့ နေ့ရက် တွေ ကို ဖြတ်သန်းနေရတာကြောင့် ရှောင် တိမ်းနေထိုင် နေရကြောင်း ပြောလာတဲ့ အလင်းရောင်

လက်ရှိအခြေအနေနဲ့ ပတ်သတ်ပြီး စိုးရိမ်စိတ်တွေများ နေရတဲ့ နေ့ရက် တွေ ကို ဖြတ်သန်းနေရတာကြောင့် ရှောင် တိမ်းနေထိုင် နေရကြောင်း ပြောလာတဲ့ အလင်းရောင်သရုပ်ဆောင်မင်းသားချော အလင်းရောင် ကတော့ လက်ရှိ မြန်မာ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်လှုပ်ရှားနေတာပဲ ဖြစ်ပါတယ်ပြည်သူထဲက ပြည်သူ တစ်ယောက် အနေနဲ့ နေ့စဥ်ရက်ဆက် လမ်း မ ထက်မှာပြည်သူ တွေ၊ ပရိသတ် တွေနဲ့ အတူ တသားတည်း ရပ် တည်နေတာ ပဲ ဖြစ်ပါတယ်။ယခုအခါ မှာတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေ အနေတွေ နဲ့ ပတ်သတ်ပြီး စိုးရိမ်စိတ်တွေများနေရတဲ့ နေ့ရက်တွေကို ဖြတ်သန်းနေရတာကြောင့် ရှောင်တိမ်း နေထိုင် နေရကြောင်း ပရိသတ်တွေကို လူ မှု ကွန်ယက် စာမျက်နှာမှာ ပြောပြလာတာပဲ ဖြစ်ပါတယ်။အလင်းရောင်ကတော့ “ဒီတော် လှန်ရေးကို စတင် ပါဝင်စဉ် ထဲက ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် အဆုံးထိ ပါဝင် တော်လှန် သွားမယ်လို့ ဆုံး ဖြတ်ထား တာပါ ။အဲ့တာကြောင့် ဘယ်နေရာက ကျွန်တော့်အ တွက် လုံခြုံမှု ရှိနိုင် မလဲ၊ ဘယ်လို ဆက်လက် လှုပ်ရှား ရမလဲ ဆိုတာတွေ ပြင်ဆင်ခဲ့တယ်။အခုချိန်ထိအဘက်ဘက်ကဆက် ဖြည့်ဆည်းပါဝင်ရင်း ရှောင်တိမ်းနေထိုင် ရတဲ့ ကာလ တွေဖြစ် လာတယ်။အကြမ်း ဖက် သမားတွေကြောင့် နေ့ချင်းညချင်း ဝရမ်းပြေးဆိုတဲ့ ခေါင်းစဉ်အောက်ရောက်သွားသလိုပါပဲ။ဒီအတွက် စိတ်ပြင်ဆင် ထားပြီးသားဖြစ်နေပေမယ့် နေ့စဉ် မြင်နေကြား နေရတဲ့ ပြည်သူ အပေါ် အ ကြမ်းဖက် နေမှု တွေကို ကတော့ ခံပြင်းစိတ်ကြောင့် ဒေါသတွေထွက်ရ၊ ခါးခါး သီးသီး နာကျင်ရပါတယ်။သတင်းတွေ ဆက် မကြည့် နိုင် လောက် အောင်၊ Facebook Newfeeds ကို ကြည့် ဖို့ စိတ် ပြင် ဆင်မိ တဲ့ အ ထိ ဖြစ်လာလောက်အောင် ကို စိုးရိမ် စိတ်တွေ များ နေရတဲ့ နေ့ရက် တွေကို ဖြတ်သန်းလာရတယ်။တခဏ တာပဲဖြစ်ဖြစ်တော့ စိတ်ဖိစီးစေတဲ့အကြောင်း အရာမျိုးစုံရဲ့ ဒဏ်တွေကြောင့် မွန်းကြပ် လာတဲ့ခံစားချက်မျိုး လူတိုင်းလဲ ခံစားနေရမယ်ထင်ပါတယ်။“လူတိုင်းလူတိုင်းစိုးရိမ်မှုတွေ နဲ့အိပ်စက်ရတဲ့ ညတွေ၊ မျက်လုံးပွင့် တာနဲ့ ပစ်ခတ် သံ တွေနဲ့ နေ့တွေ၊ အ မြန်ဆုံး ကုန်ဆုံးဖို့ မျှော်လင့် မိတယ်၊အဲ့တာ ကျွန်တော် ညစဉ် ညတိုင်း ဘုရား မှာ တောင်းမိတဲ့ ဆုပဲ။ဒီကာလမှာနားထောင်ဖြစ်နေတဲ့သီချင်းစာသားလေးအတိုင်း။ကျွန်တော်တို့တွေ တစ်ယောက်ထဲ မဟုတ်ပါဘူး။အခု အချိန် ခဏ လေးကို တူတူရင်ဆိုင် ကြပါမယ်။ ဒါကို ကျော်လွန် လွတ် မြောက်သွားတာနဲ့ မျှော်လင့် ထားတဲ့ ပန်းတိုင်စီ ရောက်ရှိ ကြတော့ မှာပါ။ အားတင်း ထားပြီး ရှေ့ဆက် ကြပါမယ် ။ကျွန်တော်တို့ရဲ့ နွေဦး တော်လှန် ရေးဟာ ရောင်နီ လွှမ်းခြုံ အောင် မြင်တော့ မှာပါ။အရေး တော်ပုံ အောင်ရမည် …….” ဆိုကာ သူရဲ့ ခံစားချက်တွေကို ပရိသတ် တွေထံ ရင်ဖွင့် လာတာနဲ့ ပတ်သတ်ပြီး ပြန်လည်ကူးယူမျှဝေ ပေးလိုက်တာ ပဲ ဖြစ်ပါတယ်။Source : ALINNYAUNG’s FB account

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top