အခြေအနေတစ်ခုကြောင့် မိသားစုနဲ့ခွဲနေရပြီး ဗီဒီယိုကောလေးနဲ့သာ အလွမ်းဖြေနေရရှာတဲ့ မင်းမော်ကွန်း

ပရိတ်သတ်ကြီးရေ…ပြည်သူနဲ့တစ်သားတည်းရပ်တည်ခဲ့တဲ့ အနုပညာရှင်မင်းမော်ကွန်းဟာ လတ်တလောမှာတော့ မိသားစုနဲ့ ခတ္တခွဲခွာနေရပြီး ဘေးကင်းရာမှာ ရှောင်နေခဲ့ပါတယ်။ တစ်သက်လုံးအတူတူနေလာ တဲ့ မိသားစုလေးကိုသတိရပေမယ့်လည်း အနားမှာမရှိနိုင်တာကြောင့် လေလှိုင်းပေါ်ကပဲ ဗီဒီယိုကောလေးနဲ့ အလွမ်းဖြေနေခဲ့ရပါတယ်။ချစ်ရတဲ့အငယ်ဆုံးလေး သားဘုန်းနဲ့ ဗီဒီယိုကောပြောထားတဲ့ အမှတ်တရပုံလေးကို သူ့ရဲ့ ဖေ့ဘွတ်မိုင်ဒေးမှာတင်ပြီး ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ပေါ်လွင်စေခဲ့ပါသေးတယ်။

သားဘုန်းလေးကလည်း ဖေဖေနဲ့တွေ့ရလို့ အရမ်းကိုပျော်နေတဲ့ပုံပါပဲ။ဖခင်ဖြစ်သူဦးဇင်ဝိုင်းကိုယ်တိုင်ကလည်း သားသမီးအတွက်မျက်နှာမငယ်ရတဲ့ အဖေကောင်းတစ်ယောက် ဖြစ်ပေးခဲ့သလို ကိုယ်တိုင်လည်း ဒီလိုဖခင်တစ်ယောက်ဖြစ်ဖို့အတွက် ရပ်တည်မယ်ဆိုတဲ့အကြောင်းကို လည်းသူ့ရဲ့လူမှုကွန်ယက်ကနေ ရဲရဲဝံ့ဝံ့ပြောပြလာခဲ့ပါတယ်။ ဒီလို ရပ်တည်ချက်ပြတ်သားတဲ့ဖခင်ကို သမီးဖြစ်သူ လေပြေသွေးက အစစအရာရာဂရုစိုက်ဖို့ မှတ်ချက်ဝင်ပေးခဲ့ပါသေးတယ်။

သားသမီးတွေကို မျက်နှာမငယ်စေတဲ့ ဖခင်တစ်ယောက်ရဲ့ မှန်ကန်တဲ့လုပ်ရပ်ကြောင့် ပရိသတ်တွေကလည်း အရင်ကထက်ပိုပြီး လေးစားချစ်ခင်လာခဲ့ပါ တယ်။ဦးဇင်ဝိုင်းဖမ်းဆီးခံခဲ့ရပြီးနောက်မှာ ကိုကျော်လည်းဘေးလွတ်ရာကိုပြောင်းခဲ့ပြီးလက်ရှိမှာတော့ လုံခြုံတဲ့ နေရာတစ်ခုမှာ ပရိသတ်တွေရဲ့ တစ်သားတည်းရပ်တည်ရင်း ရင်ထဲကဆန္ဒတွေကိုဖော်ထုတ်နေဆဲပါပဲ။ ဇနီးနဲ့ သားသမီးသုံးယောက်လုံးရဲ့မျက်နှာကို မငယ်စေတဲ့အပြင် ဖခင်ဖြစ်သူအတွက်လည်း ဂုဏ်ယူရတဲ့ သားတစ်ယောက်ဖြစ်စေခဲ့ပါတယ်။ မိသားစုတွေအမြန်ဆုံးပြန်လည်ဆုံဆည်းပြီး အရင်လိုပျော်စရာ အချိန်လေးတွေ ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top