သူမသေခင်မှာ မြင်တွေ့သွားချင်တဲ့ အိမ်မက်မြို့တော်လေးရဲ့ပုံစံကို ပရိတ်သတ်တွေအားပုံဖော်ပြလိုက်တဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)

ပရိတ်သတ်ကြီးရေ….ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွားကို ရိုက်ကူးပုံဖော်ပြီး ပရိတ်သတ်ကိုရသမျိုးစုံခံစားရအောင် ဖန်တီးနိုင်စွမ်းရှိတဲ့ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)ဟာဆိုရင် အနုပညာလမ်းကြောင်းပေါ်မှာဆယ်စုနှစ်ကျော်တိုင် အောင်မြင်စွာနဲ့လျှောက်လှမ်းလာခဲ့ပြီး ပရိတ်သတ်အားပေးမှုကိုအပြည့်အဝရရှိကပိုင်ဆိုင်ထားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်နော်..။ဦးမျိုးမင်းက မျိုးဆက်သစ်လူငယ်တွေကိုလည်း သူတတ်သိသမျှသရုပ်ဆောင်ပညာရပ်တွေကို မချွင်းမချန်သင်ကြာပေးနေသူလည်းဖြစ်ပါတယ်ပရိတ်သတ်ကြီးရေ။


လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဦးမျိုးက ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေတာပဲဖြစ်ပါတယ်နော် ။ဒီကနေ့မှာဆိုရင်လည်းဦးမျိုးမင်းက”လူတွေအားလုံးရဲ့ အနာဂါတ်အိပ်မက်တွေဟာ ဖျတ်ကနဲ မှိတ်ပစ်လိုက်သလို ရုတ်တရက်အမှောင်ကျသွားခဲ့တယ်။ လူငယ်တွေအတွက်အချိန်အများကြီးရှိသေးတယ်ဆိုပေမယ့် ပြန်လည်မွေးမြူရတဲ့စိတ်ခွန်အားတွေရယ် ပျောက်ဆုံးသွားတဲ့ ယုံကြည်ချက်တွေက ရွှေဆိုင်မှာပေးလိုက်ရတဲ့ အလျော့တွက်တွေလို ဘာမှပြန်မရဘူး။အချိန်နည်းနေတဲ့ လူကြီးတွေအတွက်တော့လက်ကျန်သက်တမ်းကနေ ရက်ပေါင်း ခုနှစ်ရာကျော်ကိုနှုတ်ပေးလိုက်ရပြီ။

နောက်ကျကျန်ခဲ့တဲ့စီးပွားရေး၊ပညာရေး၊ကျန်းမာရေး၊လူမှုရေး၊နဲ့ ကမ္ဘာ့အလယ်မှာနိမ့်ကျနေတဲ့ ဆင်းရဲနွမ်းပါးမှုတွေကို ကျနော်တို့ နှစ်ဆပြန်ကြိုးစားရမှာကိုသိရှိနားလည်ကြပါတယ် ရင်ဆိုင်ဖို့လဲအသင့်ရှိပါတယ်။ နောင်မျိုးဆက်တွေ ကောင်းစားစေချင်တာကိုး၊ကျနော်တို့သေဆုံးသွားတဲ့အခါ ကျနော်တို့အကုန်ထားခဲ့ရမှာပါ ကျနော်တို့မသေခင်မှာ………လူငယ်တွေလိုချင်တဲ့ ဒီမိုကရေစီ၊တရားမျှတမှု၊လွတ်လပ်မှု၊အနိုင်ကျင့်မှုတွေ ကင်းမဲ့တဲ့နေရာလောဘဒေါသနဲ့မနာလိုခြင်းတွေကင်းတဲ့နေရာ၊လိမ်ညာလှည့်ဖျားခြင်းမရှိတဲ့နေရာ၊ပြုံးရွှင်နေတဲ့လူတွေရဲ့မျက်နှာနဲ့ အကြင်နာတရားတွေပြည့်ဝ သစ္စာတရားတွေလွှမ်းမိုးတဲ့ မြိုတော် လူအချင်းချင်း ယုံကြည်ရတဲ့နေရာ ၊ယုံကြည်ခြင်းမြို့တော်လို့ ခေါ်ဆိုနိုင်တဲ့နေ ရာကို မြင်ရရင် ကျနော်သေပျော်ပါပြီ။အဲဒါကျနော်တိုအိပ်မက်ပါပဲ…။ကျနော်ပြောရဲတယ် တစ်သက်လုံးမပွင့်ဖူးတဲ့ပန်းကလေးတွေတောင် အဲဒီနေရာမှာပွင့်ကြလိမ့်မယ်” ဆိုပြီး သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားခဲ့တာပဲဖြစ်ပါတယ်နော်…။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

Source ; Maungmyomin Yintwinphyit’s Facebook Account

Credit ; Celebrity Platforms

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top