အမေရိကန် နယူးယောက်မြို့တွင် အလောင်းများ အပြည့်ထည့်ထားသော ထရပ်ကားများ တွေ့ရှိ

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် အလောင်းများ အပြည့်ထည့်ထားသော ထရပ်ကားများ တွေ့ရှိ…

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ မနေ့ကဧပြီ ၂၉ နေ့က အအေးခန်းလွှတ်မထားတဲ့ ထရပ်ကားတွေထဲက ဒါဇင်ချီတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပါတယ်။ အနီးဝန်းကျင် အိမ်နီးချင်းတွေက ကားထဲက ပုပ်နံ့ထွက်တယ်ဆိုပြီး တိုင်ကြားရာကနေ အလောင်းတွေကို တွေ့ရှိတာဖြစ်တယ်လို့ နယူးယောက်မီဒီယာက ဖော်ပြပါတယ်။

မျက်မြင်တွေက U-Haul ဗင်ကားထဲမှာ ရုပ်အလောင်းတွေကိုတွေ့ခဲ့ပြီး ဈာပနဝန်ဆောင်မှုရုံး အပြင်ဘက်မှာ ဗင်ကားနှစ်စီးနဲ့ ထရပ်ကားတစ်စီးကို ရပ်ထားတယ်လို့ ပြောပါတယ်။ ထရပ်ကားတွေက အအေးပေးစနစ် အလုပ်မလုပ်တော့ဘူးလို့ အန်ဒရူးတီကလပ်လေ ဈာပနလုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောဆိုပြီးနောက် အေဘီစီသတင်းဌာနက ကားတွေထဲမှာ အလောင်း ၁၀၀ လောက်ထားရှိတယ်လို့လည်း ဆိုပါတယ်။

ဒီအလောင်းတွေ ဗင်ကားတွေထဲမှာရှိနေတာ ဘယ်လောက်ကြာနေပြီလဲဆိုတာ မသိရတဲ့အပြင် COVID-19 ကြောင့် သေဆုံးသူတွေ ပါသလားဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ နယူးယောက် ရဲတပ်ဖွဲ့က ပြောကြားဖို့ ငြင်းဆန်သလို ကျန်းမာရေး ဌာနကိုလည်း ဆက်သွယ်လို့ မရသေးပါဘူး။

နယူးယောက်မြို့ဟာ COVID-19 ဗဟိုချက်မ ဖြစ်နေတာကြောင့် ဈာပန ဝန်ဆောင်မှု လုပ်ငန်းတွေဟာ မနိုင်မနင်း ဖြစ်နေပါတယ်။ သေဆုံးသွားတဲ့ အလောင်းတွေ မြှုပ်နှံဖို့ ဒါမှမဟုတ် မီးသင်္ဂြိုဟ်ဖို့ ဈာပနလုပ်ငန်းတွေဟာ အလုပ်ကြွေးတွေ ပိနေတယ်လို့လည်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

Credit

##########################

အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕တြင္ အေလာင္းမ်ား အျပည့္ထည့္ထားေသာ ထရပ္ကားမ်ား ေတြ႕ရိွ…

အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕မွာ မေန႕ကဧၿပီ ၂၉ ေန႕က အေအးခန္းလႊတ္မထားတဲ့ ထရပ္ကားေတြထဲက ဒါဇင္ခ်ီတဲ့ ႐ုပ္အေလာင္းေတြကို ေတြ႕ရွိခဲ့ပါတယ္။ အနီးဝန္းက်င္ အိမ္နီးခ်င္းေတြက ကားထဲက ပုပ္နံ႔ထြက္တယ္ဆိုၿပီး တိုင္ၾကားရာကေန အေလာင္းေတြကို ေတြ႕ရွိတာျဖစ္တယ္လို႔ နယူးေယာက္မီဒီယာက ေဖာ္ျပပါတယ္။

မ်က္ျမင္ေတြက U-Haul ဗင္ကားထဲမွာ ႐ုပ္အေလာင္းေတြကိုေတြ႕ခဲ့ၿပီး ဈာပနဝန္ေဆာင္မႈ႐ုံး အျပင္ဘက္မွာ ဗင္ကားႏွစ္စီးနဲ႔ ထရပ္ကားတစ္စီးကို ရပ္ထားတယ္လို႔ ေျပာပါတယ္။ ထရပ္ကားေတြက အေအးေပးစနစ္ အလုပ္မလုပ္ေတာ့ဘူးလို႔ အန္ဒ႐ူးတီကလပ္ေလ ဈာပနလုပ္ငန္းပိုင္ရွင္တစ္ဦးက ေျပာဆိုၿပီးေနာက္ ေအဘီစီသတင္းဌာနက ကားေတြထဲမွာ အေလာင္း ၁၀၀ ေလာက္ထားရွိတယ္လို႔လည္း ဆိုပါတယ္။

ဒီအေလာင္းေတြ ဗင္ကားေတြထဲမွာရွိေနတာ ဘယ္ေလာက္ၾကာေနၿပီလဲဆိုတာ မသိရတဲ့အျပင္ COVID-19 ေၾကာင့္ ေသဆုံးသူေတြ ပါသလားဆိုတာ သဲသဲကြဲကြဲ မသိရေသးပါဘူး။ ဒီကိစၥနဲ႔ပတ္သက္လို႔ နယူးေယာက္ ရဲတပ္ဖြဲ႕က ေျပာၾကားဖို႔ ျငင္းဆန္သလို က်န္းမာေရး ဌာနကိုလည္း ဆက္သြယ္လို႔ မရေသးပါဘူး။

နယူးေယာက္ၿမိဳ႕ဟာ COVID-19 ဗဟိုခ်က္မ ျဖစ္ေနတာေၾကာင့္ ဈာပန ဝန္ေဆာင္မႈ လုပ္ငန္းေတြဟာ မႏိုင္မနင္း ျဖစ္ေနပါတယ္။ ေသဆုံးသြားတဲ့ အေလာင္းေတြ ျမႇဳပ္ႏွံဖို႔ ဒါမွမဟုတ္ မီးသၿဂႋဳဟ္ဖို႔ ဈာပနလုပ္ငန္းေတြဟာ အလုပ္ေႂကြးေတြ ပိေနတယ္လို႔လည္း ႐ိုက္တာသတင္းက ေဖာ္ျပပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top