အက်စပရင် ရဲ့ထူးခြားချက်များ
အက်စပရင်က အမေရိကန်အိမ်ထောင်စုတွေမှာ တွေ့ရသော အသုံးအများဆုံးဆေးတွေထဲက တစ်ခုဖြစ်ပါတယ်။ လူကြိုက်များသော မူးယစ်ဆေးဝါးက အဓိကအားဖြင့် နာကျင်မှုကို သက်သာစေခြင်း၊ ရောင်ရမ်းခြင်းနှင့် ဖျားနာခြင်းတို့ကို လျှော့ချဖို့အသုံးပြုကြပါတယ်။ အထူးသဖြင့် အလှအပနှင့် အသားအရေထိန်းသိမ်းမှုတို့ရဲ့ ထုတ်ကုန်တော်တော်များများမှာ တွေ့ရှိရတဲ့ Salicylic acid ပါဝင်ပါတယ်။ ဆေးရဲ့ အချဉ်ဓာတ်က အစွန်းအထင်းများ၊ သံချေးတွေနှင့် အရေပြားပြဿနာတွေကို ဖယ်ရှားပစ်တဲ့အခါ ၎င်းက ရှာလကာရည်နှင့်အလားတူ စွမ်းအင်တွေရှိပါတယ်။
၁။ ဝက်ခြံတွေကို ဖယ်ရှားပစ်နိုင်ခြင်း
aspirin နှင့် ရေကို သုံးလိုက်တဲ့အခါ အသားအရေထုတ်ကုန်တွေအတွက် ဘာကြောင့်ပိုက်ဆံဖြုန်းနေတော့မှာလဲ။ ဈေးသက်သာပြီးထိရောက်သော ဝက်ခြံဖြေရှင်းမှုအတွက် aspirin ကို ရေအနည်းငယ်နှင့် ဖျော်ပါ။ မိနစ်အနည်းငယ်လောာက်ထားပါ။ ပြီးရင် ဝက်ခြံရှိတဲ့နေရာကို လိမ်းပေးပါ။ Aspirin မှာ ရှိတဲ့ Salicylic acidက ပိုလျှံသောအဆီနှင့် ဆဲလ်သေတွေကို ဖယ်ရှားခြင်းများ ပြုလုပ်နိုင်ပါတယ်။ ၎င်းက ရောင်ရမ်းခြင်း၊ နာကျင်ခြင်းနှင့် နီခြင်းတို့ကိုလည်း လျှော့ချပေးနိုင်ပါတယ်။
၂။ ခေါင်းမာသော အစွန်းအထင်းများကို ဖယ်ရှားပါ
နောက်တစ်ခုက ချွတ်ရခက်တဲ့အစွန်းအထင်းများကို ဓာတုဗေဒနည်းများဖြင့် ဖယ်ရှားပေးမယ့်အစား Aspirin ကိုအသုံးပြုရန်ဖြစ်ပါတယ်။ ဆေးပြားသုံးပြားဖြိုခွဲပြီးတော့ ရေပူခွက်ထဲထည့်ပါ။ ပြီးနောက်အစွန်းအထင်းများကို ၂နာရီမှ ၃နာရီအထိကြာအောင် စိမ်ပါ။ Huffpostရဲ့ အဆိုအရ Asicin ဟာ အစွန်းအထင်းတွေကို တိုက်ဖျက်ရာမှာ ကောင်းမွန်စွာအလုပ်လုပ်ပါတယ်တဲ့။
၃။ (အသားမာ)များကို ပျော့ပျောင်းစေခြင်း
အလှပြင်ဆိုင်မှာ ခြေသည်းအလှပြင်ဖို့အချိန်မရှိဘူးဆိုရင် အချိန်နည်းနည်းလေးနဲ့ အိမ်မှာ လုပ်နိုင်ပါတယ်။ ပြီးတော့ သင့်အတွက်ငွေကြေးလည်းကုန်မှာမဟုတ်ပါဘူး။ သင်လိုအပ်တာက (၁၀)မိနစ် ၊ အက်စပရ်ငဆေးပြားနှင့် သံပရာရည်အချို့ဖြစ်ပါတယ်။ ဆေးပြားကို ကြိတ်ပြီး ရေနှင့် သံပရာရည်ခွက်ထဲထည့်ပြီး ရောနှောပါ။ ထိခိုက်ဒဏ်ရာရတဲ့ နေရာတွေကို ပွတ်သပ်ပေးပါ။ ပြီးရင် သင့်ခြေထောက်ကို ရေနွေးပဝါနှင့် ပတ်ထားပါ။ အနည်းဆုံး ၁၀မိနစ်ခန့်အကြာမှာ နူးညံ့ပျော့ပျောင်းသော callusတွေကို ဖယ်ရှားဖို့ ရေမြှပ်ကျောက်ကို အသုံးပြုပါ။
၄။ နှလုံးရောဂါကို ရပ်တန့်ပါ
နှလုံးရောဂါဖြစ်တဲ့အခါ စောင့်ကြည့်ဖို့လက္ခဏာတွေကို သိရှိခြင်းနှင့် အစောပိုင်းဝင်ရောက်စွက်ခြင်းက အဓိကသော့ချက်ဖြစ်ပါတယ်။ အရေးပေါ်နှလုံးရောဂါကို ကုသနိုင်မယ့်နည်းလမ်းတွေကတစ်ခုက Aspirinပါခြင်းဖြစ်ပါတယ်။ ဟားဗတ်ကျန်းမာအဆိုအရ Aspirin က သွေးခဲစေတဲ့ သွေးဆဲလ်တွေဖြစ်တဲ့ သွေးဥမွှားတွေကို တားဆီးပေးပါတယ်လို့ဆိုပါတယ်။ သုတေသီတွေက ဆေးပြားကို ဝါးစားက ရေနဲ့ မျိုချတာထက် ထိရောက်မှုပိုရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။
၅။ ဆံပင်အရောင် ပြန်သွင်းခြင်း
ရောင်စုံဆံပင်ကို ထိန်းသိမ်းဖို့က လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ အထူးသဖြင့် သင်က သင့်ဆံပင်ကို တစ်ပတ်လျှင် အကြိမ်ကြိမ်ဆေးကြောတတ်သူ (သို့) ကလိုရင်းရေကန်တွေမှာ ရေကူးသူတစ်ဦးဖြစ်တယ်ဆိုရင် ပိုဆိုးပါလိမ့်မယ်။ ဒါ့ကြောင့် သင့်ဆံပင်ကို လတ်ဆတ်လှပသောဆံနွယ်လေးတွေအဖြစ် ပြန်လည်ရရှိစေဖို့ ပူနွေးသော ရေခွက်ထဲမှာ Asiprin ၆လုံးမှ ၈လုံးအထိ ပျော်ဝင်စေပြီးတော့ ၁၀မိနစ်၊ ၁၅မိနစ်လောက်ထားပါ။ ပြီးတော့ အရောအနှောကို ခေါင်းလျှော်ရည်နဲ့ လျှော်ပါ။
၆။ ဘောက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခြင်း
သင့်ပခုံးပေါ်က သေးငယ်သောအဖြူရောင်အလွှာလေးတွေကို ဘယ်သူမှမလိုချင်ကြပါဘူး။ ဒီအရာတွေကြောင့်ပဲ သင့်ဆံပင်ကို ရက်အနည်းငယ်အတွင်း မလျှော်မနေရဆိုသလိုဖြစ်နေပါတယ်။ ဘောက်ဖြစ်ပွားခြင်းကို ထိန်းချုပ်ဖို့ ခေါင်းလျှော်ရည်ပမာဏကို အက်စစ်အက်ပရင်ဆေးပြား နှစ်ပြားလောက်ထည့်ပါ။ ရေမဆေးခင် တစ်မိနစ်၊နှစ်မိနစ်ခန့်ထားပါ။ ပြီးရင်ခေါင်းပေါ်မှာ ဘာမှမကျန်တော့အောင် လျှော်ပစ်ပါ။ ဘောက်တွေကို ပိုမိုပါးလွှာစေပြီးတော့ ယားယံခြင်းကို လျှော့ချစေနိုင်တယ်တဲ့။
၇။ အရက်နာကျခြင်းကိုကုသပေးနိုင်ခြင်း
အရက်နာကျခြင်းကို ခံစားနေရခြင်းက ၎င်းက ကမ္ဘာရဲ့အဆုံးဖြစ်တယ်လို့ ခံစားရစေနိုင်ပါတယ်။ ဒါ့ကြောင့် နာကျင်မှုကို သက်သာစေဖို့ သင်အမှန်တကယ်လိုအပ်တာက Aspirin နှင့် ကော်ဖီအချို့ဖြစ်ပါတယ်။ သုတေသီတွေရဲ့ အဆိုအရ ဒီပေါင်းစပ်မှုက သင်နိုးလာတဲ့အခါ အကောင်းဆုံးကြည်လင်နေပြီးတော့ သင့်ခေါင်းကို သက်သေအောင်ကူညီပေးပါလိမ့်မယ်။
၈။ ဂျပိုးကိုက်ခြင်းကို သက်သာစေခြင်း
ဂျပိုးကိုက်ခြင်းနှင့် ကိုက်ခဲခြင်းတွေကြောင့် ဖြစ်ပေါ်လာသော ယားယံခြင်းနှင့် နာကျင်ခြင်းက သင့်ကို အလွန်မသက်မသာဖြစ်စေနိုင်ပါတယ်။ ဒေါက်တာ Zeichner ရဲ့အဆိုရ Aspirin က ရောင်ရမ်းခြင်းနှင့် နာကျင်မှုသက်သာစေတဲ့ဂုဏ်သတ္တိတွေကြောင့် ကိုက်ခြင်းနှင့် ကိုက်ခဲခြင်းတွေကိုကုသဖို့ အကောင်းဆုံးဖြစ်ပါတယ်။ သင်က ဆေးပြားကို ချေမှုန်းပြီးတော့ ရေနဲ့ပဲရောပါ။ ပြီးတော့ ဂျပိုးကိုက်ခံရတဲ့နေရာကို သုတ်လိမ်းပေးပါ။
၉။ သင့်ဥယျာဉ်ကို ကြီးထွားဖွံ့ဖြိုးစေခြင်း
Aspirin ဟာ သင့်အသားအရေကို ပြုလုပ်ပေးနိုင်တာတွေရှိသလို သင့်အိမ်တွင်းအိမ်ပြင် ပန်းပင်တွေအတွက် အံ့ဖွယ်အမှုတွေပြုလုပ်နိုင်ပါသေးတယ်။ Aspirinကို ရေဂါလံမှာ ပျော်ဝင်စေပြီး သင့်အပင်တွေကို ရေလောင်းတဲ့နေရာမှာ အသုံးပြုပါ။ salicylic acid က Ethylene ထုတ်လုပ်မှုကိုလျော့နည်းစေပါတယ်။ ၎င်းက အလှည့်အပြောင်းမှာ ပန်းတွေကို ပိုမိုကြာရှည်စေပြီး အထားခံပါတယ်တဲ့။ နောက်ပြီး anti-fungal ဂုဏ်သတ္တိကြောင့် မှိုကြီးထွားမှုကို နှေးကွေးစေနိုင်ပါတယ်။ တကယ်လို့၎င်းက ပင်စည်ထဲဝင်သွားမယ်ဆိုရင် သွေးကြောတစ်သျှူးကို ပျက်စီးစေနိုင်တယ် (သို့) ပိတ်ဆို့စေနိုင်ပါတယ်။
တစ်ချို့လူတွေက Aspirinကို ပြင်းထန်စွာမတည့်တဲ့လူတွေရှိပါတယ်။ တကယ်လို့ သင်က ၎င်းတို့ထဲကတစ်ဦးဖြစ်လျှင် ဆေးဝါးကို မသောက်ပါနှင့်။ Aspirinအပါအဝင် မည်သည့်ဆေးကိုမဆို မသုံးမီမှာ ဆရာဝန်နဲ့ တိုင်ပင်ပါ။
Credit
#########################
Leave a Reply
Your email address will not be published. Required fields are marked *
Back To Top