Category: Myanmar News

သစ်တံခါးဆရာတော်ဘုရားရဲ့ မိမိအိမ်ဂေဟာ ကျက်သရေတိုး၍ မင်္ဂလာရှိလာဘ်ပွင့်အောင်လုပ်နည်း

သစ်တံခါးဆရာတော်ဘုရားရဲ့ မိမိအိမ်ဂေဟာ ကျက်သရေတိုး၍ မင်္ဂလာရှိလာဘ်ပွင့်အောင်လုပ်နည်း ကျေးဇူးတော်ရှင်သစ်တံခါးဆရာတော်ဘုရား၏ မိမိအိမ်ဂေဟာ ကျက်သရေတိုး၍မင်္ဂလာရှိလာဘ်ပွင့်အောင် လုပ်ဆောင် ချက်- (၁) နံနက်အိပ်ယာထသည်နှင့်တစ်ပြိုင်နက် မျက်နှာသစ်ကာ သွားတိုက်ပီးပါက ဘုရားသောက်တော်ရေလဲ ဆီမီးပူဇော်ပါ ဘုရားကျောင်းဆောင် သန့်ရှင်းရေးပြုလုပ်ပါ။ (၂) ဆွမ်းကပ် / ကော်ဖီတစ်ခွက်ကပ်ပါ။ သစ်သီးလှူလည်းရပါတယ်။ (၃) ဂုဏ်တော်တစ်ပါးပွား (သို့မဟုတ်)ကိုးပါးလုံးပွားလည်းရ၊ ပုတီးစိပ်ရင်ပိုကောင်းပါ၏ (၄) ကိုယ်လုပ်သောကုသိုလ်တွေကို ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ် အလုပ်အကိုင် ရုံးကုမ္ပဏီ စက်ရုံတွေ ဆိုင်တွေမှာ စောင့်သော နတ်မြတ်နတ်ကောင်းအား အမျှပေးဝေပါ။ သစ်တံခါးဆရာတော် အစိမ်းစာအုပ်မေတ္တာဝေနည်းကိုဘဲ စဆုံး မေတ္တာပို့ပါတယ် ပြီးရင် သာဓုခေါ် ကြေးစည် သို့မဟုတ် ခေါင်းလောင်းလှုပ်အမျှဝေပါ (၅) အိမ်မှာ နံနက်ခင်း စိတ်တိုစရာစိတ်ညစ်စရာ မတွေးဘဲ မပြောဘဲ မဆဲမိ ,မအော်မိ , […]

ရွှေတိဂုံဘုရားကို ပြန်ဖွင့်မယ့်ရက်ကို ကြေညာလိုက်ပြီ (ဖွင့်ပွဲပါ လုပ်ပြီး ပြန်ဖွင့်မှာပါ)

ရွှေတိဂုံဘုရားကို ပြန်ဖွင့်မယ့်ရက်ကို ကြေညာလိုက်ပြီ (ဖွင့်ပွဲပါ လုပ်ပြီး ပြန်ဖွင့်မှာပါ) ကိုဗစ်ရောဂါကာလအတွင်း ပြည်သူတွေ လာရောက်ဖူးမြော်ခွင့် ခေတ္တပိတ်ပင်ထားတဲ့ ရွှေတိဂုံစေတီတော်ကို ဖေဖော်ဝါရီ ၈ ရက်က စတင်ပြီး ပြန်လည် ဖူးမြော်ခွင့်ပြုတော့မယ်လို့ စေတီတော် ဂေါပကအဖွဲ့ထံက သိရပါတယ်။ ဖေဖော်ဝါရီ ၈ ရက် နံနက် ၅ နာရီမှာ ဆရာတော်ကြီးများ ၊ သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ ဖွင့်ပွဲပြုလုပ်မှာဖြစ်ပြီး ဖွင့်ပွဲကျင်းပပြီးချိန်ကစလို့ ပြည်သူတွေလာရောက် ဖူးမြော်နိုင်မယ်လို့ သိရပါတယ်။ “၈ရက်နေ့ ဖွင့်မှာ သေချာတယ်။ အကြမ်းဖျင်းပြောရရင် မနက်ပိုင်းမှာ ဆရာတော်၊ သံဃာတော်ကြီးတွေနဲ့ ထေကြီးဝါကြီးတွေနဲ့ ဖွင့်ပွဲလုပ်မယ်။ ဖွင့်ပွဲက ၅နာရီလုပ်မှာ။ လူထုက အဲဒီနောက် ပိုင်းကစပြီး မနက်၆နာရီ ၇နာရီဖြစ်သွားမှာပေါ့ အဲဒီအချိန်ကစပြီး ဖူးလို့ရပါမယ်” လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် […]

မန္တလေးမှာ သံပုံးတီးလို့ တရက်ထဲ လူ ၃၀ ကျော် အဖမ်းခံရ

မန္တလေးမှာ သံပုံးတီးလို့လို့ တရက်ထဲ လူ ၃၀ ကျော် အဖမ်းခံရ နေအိမ်တွေကနေ သံပုံးတီးခဲ့လို့ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က အမျိုးသား၊ အမျိုးသမီး ၂၀ကျော် ဖေဖော်ဝါရီလ ၄ ရက်နေ့ မနေ့ညက ဖမ်းဆီးခံခဲ့ရပြီး ဒီနေ့မနက် ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးနေပါတယ်။ “ကွမ်းယာရောင်းရင်း ထိုင်ပြီး သံပုံးတီးနေတာကို ဆွဲခေါ်ဖမ်းသွားတာပါ။ ဖမ်းခံရသူတွေက အခြေခံလူတန်းစားတွေကြီးပဲမို့ ဒီကနေ့ ဆိုင်တောက်မထွက်ရပါဘူး။ ဒီလို မတီးရဘူးလို့လည်း ရပ်ကွပ်အုပ်ချုပ်ရေးရုံးက အသိပေးထားတာ မရှိပါဘူး” လို့ အမျိုးသားဖြစ်သူ ဖမ်းခံရလို့ တရားရုံးကို လာရောက်နေတဲ့ မကြူကြူသင်း က ပြောပါတယ်။ သံပုံးတီးခဲ့တာကြောင့် မန္တလေးခရိုင်အတွင်း လူ ၃၀ ကျော် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ အနယ်နယ်အရပ်ရပ်က ပြည်သူတွေဟာ စစ်တပ်က အာဏာသိမ်းတာကို […]

သိမ်းထားတဲ့ အာဏာကို ချက်ချင်းစွန့်လွှတ်ဖို့ မြန်မာစစ်တပ်ကို အမေရိကန်သမ္မတကြီး ပြောပြီ

သိမ်းထားတဲ့ အာဏာကို ချက်ချင်းစွန့်လွှတ်ဖို့ မြန်မာစစ်တပ်ကို အမေရိကန်သမ္မတကြီး ပြောပြီ ဒီမိုကရေစီစနစ်မှာ အင်အားကိုအသုံးပြုပြီး နိုင်ငံသားတွေရဲ့ဆန္ဒကိုပယ်ဖျက်ဖို့ ဒါမှမဟုတ် အများယုံကြည်လက်ခံထားတဲ့ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ဖို့ မလုပ်ဆောင်သင့်ဘူးဆိုတာ သံသယရှိဖို့မလိုပါဘူး။ မြန်မာစစ်တပ်အနေနဲ့ သူတို့သိမ်းယူထားတဲ့အာဏာကိုချက်ချင်းစွန့်လွတ်ရပါမယ်၊ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဦးဆောင်စည်းရုံးသူတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ တာဝန်ရှိသူတွေကို ပြန်လွှတ်ပေးရပါမယ်၊ ဆက်သွယ်ရေးကန့်သတ်ချက်အကုန်လုံးကို ပြန်ပြီးရုပ်သိမ်းပေးရပါမယ်၊ လူထုအပေါ်အကြမ်းဖက်ခြင်းကနေရှောင်ကြဉ်ရပါမယ်။ ဒီသီတင်းပတ်အစောပိုင်းက ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ဒီမိုကရေစီနဲ့ ဥပဒေစိုးမိုးမှု ပြန်လည်အသက်သွင်းရေးကို အားပေးကူညီဖို့အတွက် ကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်သွားပါမယ်။ သည့်အတွက်တာဝန်ရှိသူတွေကိုလည်း နောက်ဆက်တွဲအနေနဲ့ အရေးယူပိတ်ဆို့ဒဏ်ခတ်မှုတွေလုပ်ဆောင်သွားပါမယ်။” Maung Maung One Post Views: 5

ပြည်သူကို ပြည်သူ့ဆရာဝန်တွေ အခမဲ့ကုပေးပြီ (အကူအညီတောင်းတာနဲ့ ချက်ချင်းလာကု ပေးတာပါ)

ပြည်သူကို ပြည်သူ့ဆရာဝန်တွေ အခမဲ့ကုပေးပြီ (အကူအညီတောင်းတာနဲ့ ချက်ချင်းလာကု ပေးတာပါ) ဒီချိန်ကြီး (ည၁၁နာရီ) အိမ်ဘေးက အကိုတယောက် နေမကောင်းဖြစ်လို့ ဘယ်ဆေးခန်းမှလည်းပြေးမရ၊ ဆေးရုံကလည်း အခြေအနေ ဘာမှန်းမသိတာနဲ့ အမေကတဆင့် ဌ/ရပ်ကွက်၊ ဂန္ဓမာ group က ဆရာဝန်တွေဆီအကူအညီလိုရင်တောင်းလို့ရတယ်ဆိုတဲ့ post တွေ့လို့ အဆက်အသွယ်ရပြီး ဖုန်းဆက်ပြီးအကူအညီတောင်းလိုက်တာ၊ ချက်ချင်းကို လူနာအိမ်ရှေ့ထိရောက်လာပြီး ကုပေးသွားတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ ဆေးဖိုးလည်း တပြားမှ မယူသလို အလှူငွေထည့်ဖို့ လုပ်တော့လည်း သူတို့လက်မခံလို့ ရုံးမှာပဲ အလှူငွေလာလှူခိုင်းပါတယ်။ အချိန်မရွေး လှမ်းခေါ်ပြီး အကူအညီတောင်းနိုင်ပါတယ်တဲ့ ကျေးဇူးအခါခါတင်မိပါတယ် Thet Thet Yadanar Thein Post Views: 5

ကုလလုံခြုံရေး ကောင်စီရဲ့ ပြတ်သားတဲ့ ထုတ်ပြန်ချက်နဲ့ မြန်မာပြည်ရဲ့ မျှော်လင့်ချက် ရောင်ခြည်

မြန်မာပြည်သူတို့၏ ပွဲဦးထွက် အောင်မြင်မှု – ကုလ လုံခြုံရေး ကောင်စီ ကြေညာချက်ထုတ်ပြီ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှ ဖမ်းဆီးခံထားရသူများအား ပြန်လွှတ်ပေးရေး နှင့် မြန်မာ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကို ဆက်လက် ထောက်ခံသွားမည်ဆိုသော ကြေညာချက် ကို အဖွဲ့ဝင် ၁၅ နိုင်ငံစလုံး မှ ကန့်ကွက်သူ မရှိ ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ ဒီမိုကရေစီ အဆောက်အအုံများဖြစ်သော လွှတ်တော်နှင့် ယင်း၏ လုပ်ငန်းစဉ်များကို လေးစားရန်၊ အကြမ်းဖက်မှုကို ရှောင်ကျဉ်ပြီး လူ့အခွင့်အရေး နှင့် လွတ်လပ်ခွင့်များကို စောင့်ထိန်းရန် တောင်းဆိုကြောင်း ကြေညာချက်တွင် ပါရှိခဲ့သည်။ လေ့လာသူများက လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များအကြား ရှားရှားပါးပါး ညီညွတ်မှု တရပ်အဖြစ် သုံးသပ်ခဲ့ကြသည်။ တရုတ် […]

သံပုံးတီးသူတဦးကို ရဲက ဖမ်းပေမယ့် တရပ်ကွက်လုံး လိုက်သွားလို့ ပြန်လွှတ်လိုက်ရ

သံပုံးတီးသူတဦးကို ရဲက ဖမ်းပေမယ့် တရပ်ကွက်လုံး လိုက်သွားလို့ ပြန်လွှတ်လိုက်ရ ရနျကုနျမွို့၊ ငမိုးရိပျရပျကှကျ ၆လမျး၊ အပိုငျး၃ မှာနတေဲ့ ပွညျသူတဈဦးကို သံပုံးတီးတဲ့အတှကျ ရဲတပျဖှဲ့ကဖမျးဆီးခဲ့တဲ့ဖွဈစဥျ ဒီကနေ့ ဖဖေောျဝါရီ ၄ရကျနေ့ ညပိုငျးက ဖွဈပှားခဲ့ပါတယျ။ “ပထမက ရဲတစ်ယောက်ပဲ တိတ်တိတ်လေးလာခေါ်တာပါ၊ ပြီးမှ အိမ်အောက်လည်းရောက်ရော ကျွန်မတို့တစ်ရပ်ကွက်လုံး ရပ်ကွက်ရုံးကိုလိုက်သွားတယ်။ ဘာဖြစ်ချင်တာလဲပြောပါ ရပ်ကွက်ထဲက အားလုံးလိုက်မယ်ဆိုပြီး မြို့နယ်ရဲစခန်းမှာ သွားညှိတော့ ပြေလည်သွားပါပြီ၊ အခုပြန်ရောက်ပါပြီ”လို့ ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ် ။ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ ည ၈ နာရီတိုင်းမှာ သံပုံးတွေ တီးကြဖို့ စည်းရုံးမှုတွေ ရှိခဲ့ကြပြီး၊ သံပုံးတီး လှုပ်ရှားမှုတွေကို ဖေဖော်ဝါရီ ၂ ရက်နေ့က စ ပြီး လုပ်နေကြတာကို တွေ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ […]

တင့်ကားတပ်ကြီးကို တဦးထဲ ရင်ဆိုင်ခဲ့တဲ့ လူမသိတဲ့ အညတရ သူရဲကောင်း တယောက်

လူသိမခံတဲ့ သူရဲကောင်းတစ်ယောက် နှစ် ၁၀၀ အတွင်း အရေးအပါဆုံးလူသား ၁၀၀ ထဲမှာ ဂန္နီတို့နဲ့အတူအရွေးခံရသူ။ “ရာစုနှစ်ရဲ့ အလွှမ်းမိုးဆုံး လူတွေများ” ထဲမှာ အရွေးခံရသူဟာ ဘယ်သူမှန်းကို မသိရတော့ပါ။ လွန်ခဲ့တဲ့ ၃၁ နှစ်က ဂျွန်လ 5 ရက်နေ့မနက် ဒီလိုအချိန်မှာ Times မဂ္ဂဇင်းရဲ့ ဓာတ်ပုံဆရာ Jeff Widener ဟာ Beijing Hotel ရဲ့ 6 ထပ်ရှိ သူ့အခန်းရဲ့ လသာဆောင်ကနေ အပြင်ထွက်လာပါတယ်။ အဲ့ဒီနေ့မတိုင်ခင် ဂျွန်လ 4 ရက်နေ့ မနက်အစောကြီးမှာ တိန့်ရှောင်ဖိန်ရဲ့အမိန့်နဲ့ Tiananmen ရင်ပြင်မှာရှိတဲ့ ကျောင်းသားနဲ့လူထု များစွာကို တင့်ကားတွေကနေ စက်သေနတ်တွေနဲ့ ပစ်ကာ နှိမ်နှင်းခဲ့လို့ လူပေါင်း ရာနဲ့ချီကာ ထောင်ဂဏန်းအထိသေဆုံးခဲ့ပါတယ်။ အားလုံးက […]

သံပုံးတီးပြီး အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြတဲ့ သမိုင်းကြောင်းများ (သံပုံးတီးသံကို လျှော့မတွက်ကြပါနဲ့)

ရန်ကုန်မှာ သံပုံးတီးပြီး ဆန္ဒဖော်ထုတ်နေတာ ကြားရတော့ ချီလီက အမျိုးသမီးတွေ ဦးဆောင်ပြီး အိုးခွက်တွေနဲ့ ဆန္ဒပြခဲ့တာကို ပြန်ရှာဖတ်ဖြစ်ပါတယ်။ ဖတ်ရသလောက် အတိုချုပ်လေး ပြန်ရေးပေးလိုက်ပါတယ်။ အိုးခွက်တီးပြီး ဆန္ဒပြတာကို cacerolazo သို့မဟုတ် casserole လို့ခ်ါပါတယ်။ ထိုစကားလုံးသည် စပိန်ဘာသာစကား cacerola (စတူးအိုး) မှလာတာဖြစ်ပြီး၊ နောက်ဆက်တွဲ စကားလုံး -azo နှင့် -ada သည် ရိုက်နှက်ခြင်း လို့အဓိပါယ်ရပါတယ်။ cacerolazo လှုပ်ရှားမှုသည် အာရုံစူးစိုက်မှုရရှိစေဖို့ အိုးခွက်များနှင့် ဆူညံသံများပြုလုပ်ကာ စုပေါင်း ဆန္ဒပြခြင်း ပုံစံပဲဖြစ်ပါတယ်။ ပထမဆုံးဆန္ဒပြမှုကို ၁၈၃၀ ပြည့်နှစ်များက ပြင်သစ်နိုင်ငံ လူးဝစ်ဖိလစ် ၁ အစိုးရကို ဆန့်ကျင်သူများက ဇူလိုင်ဘုရင်စနစ်၏ အစတွင် စတင်ခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။ ဒီဓလေ့ဟာ ဟိုးအလယ်ခေတ် ရာစုနှစ်များစွာမတိုင်ခင်ထဲက […]

ငွေဆောင်မြို့အနီး ပင်လယ်ပြင်အတွင်းမှ ထူးဆန်းတဲ့ ပေါက်ကွဲသံကြီး (၃) ချက် ကြားရဟုဆို

ငွေဆောင်မြို့အနီးရှိ ပင်လယ်ပြင်အတွင်းမှ ထူးဆန်းသည့် ပေါက်ကွဲသံသုံးချက် ကြားရ ကြောင်း ငွေဆောင်မြို့နှင့် ဖုန်းမောင်ကြိုင်ကျေးရွာတွင် နေထိုင်သော ဒေသခံများက ပြောပါတယ်။ အဆိုပါ ပေါက်ကွဲသံများကို ဖေဖော်ဝါရီ ၂ ရက် နေ့လယ် ၂ နာရီခ့်တွင် တစ်ကြိမ်၊ ည ၉ နာရီခန့်တွင် တစ်ကြိမ်နှင့် ဖေဖော်ဝါရီ ၃ နံနက် ၁၀ နာရီခန့်တွင် တစ်ကြိမ်ကြားခဲ့ရကြောင်း ဒေသခံများက ပြောပါတယ်။ “နေ့ခင်းဘက် ဝုန်းခနဲမြည် တဲ့အသံက ရွာက အိမ်တွေတောင် တုန်သွားတယ်။ အသံလာတာက ပင်လယ်ထဲကဆိုပေမယ့် ရွာနဲ့ နီးနီးနားနားမှာ ကြားရတာ။ ဒီနေ့ မနက်ပိုင်းကတော့ သိပ်အသံ မကျယ်ဘူး”ဟု ဖုန်းမောင်ကြိုင် ကျေးရွာ ရာအိမ်မှူး ဦးတင်ထွန်း က ပြောပါတယ်။ ယခင်က ငွေဆောင်ကမ်း […]

Back To Top